Part-23

14.8K 1K 182
                                    

ကျ​နော့်​ရဲ့ ဒုတိယနှစ်​ဝက်​စာ​မေးပွဲကြ်ီး​ဖြေရန်​ တစ်​ပတ်​နီးပါးသာ လို​တော့သည်​။စာကျက်​ရက်​ပိတ်​ထားတဲ့ သုံးပတ်​အတွင်းလည်း
အိမ်​မှာဘဲ ​မှောက်​လိုက်​လှန်​လိုက်​ စာကျက်​လိုက်​ဖြင့်​သာ။

စာကျက်​လိုက်​ လို့သာ ​ပြောရပါတယ်​ စာကျက်​ရင်​ ကျက်​ရတာကနည်းနည်းပါ အ​နှောင့်​ယှက်​​ပေးခံရသည်​က များများ။

တခြား​တော့မရှိပါဘူး။

Oh Sehun​ပေါ့

စာကျက်​ပြီဆို ​ပြောပါလိမ့်​မယ်​...
ကိုယ်​ကူညီမယ်​​လေ Xiao lu....ဆိုပြီး.....

သူကူညီတာကို ​ကြောက်​လွန်းလို့ပါ...
ကြောက်​ဆို သူကူညီရင်​ အိပ်​ယာ​ပေါ် ​ရောက်​​ရောက်​သွားတတ်​လို့​လေ...

ငြင်းဖို့လား?....မငြင်းရဲပါဘူး...ကျ​နော့်​ကို Baekhyunအကြံ​ပေးတဲ့ထဲမှာ တချက်​က သူ​တောင်းဆိုရင်​ ဘယ်​​တော့မှ မငြင်းနဲ့ တဲ့​....မဟုတ်​ရင်​ သူကငြိုငြင်​သွားမယ်​ တဲ့.. ​လေ

ဒါမယ့်​ သူ​ပြောတဲ့ နည်းအတိုင်းသာ ကျ​နော်​ အဲ့လူကြီးအ​ပေါ် တ​သွေမတိမ်းလိုက်​နာလိုက်​ရင်​ ကျ​နော်​ လုံးပါး ပါးရချည်​ရဲ့..

လွန်​ခဲ့တဲ့ရက်​အတွင်း စာလည်း ပြီးသင့်​သ​လောက်​​တော့ ပြီးပါတယ်​...​နောက်​ထပ်​ တစ်​ပတ်​သာ လို​တော့တာ​ကြောင့်​ ကျ​နော်​ ​နောက်​တကြိမ်​ revision ပြန်​ဖို့​တော့လိုတယ်​​လေ။

မနက်​တပိုင်း စာထိုင်​လုပ်​​နေရင်း ​ညောင်းလာ​တော့
ရေမိုးချိုးပြီး ​အောက်​ထပ်​ဆင်းလာလိုက်​သည်​။

ကျ​နော့်​လူကြီး Oh Sehun က​တော့ မိုးလင်း ရှစ်​နာရီ​ဒေါင်​ဆိုတာနဲ့ ကျ​နော့်​ကိုမှာစရာရှိတာ​တွေ မရိုးနိုင်​​အောင်​မှာကာ Morning Kiss, Fly Kiss, Good Bye Kiss, See you Kiss စ​သော အကစ်​မျိုးစုံနဲ့ ကျ​နော့်​မျက်​နှာကို ​နောက်​တစ်​ကြိမ်​ပြန်​သစ်​ရ​အောင်​ ​မွှေးကြူပြီးမှ ထွက်​သွားတတ်​ပါသည်​။

ဒါ​တွေလည်း ကျ​နော်​ ဘာမှ အတွန့်​မတက်​ပါဘူး..
Baekhyun က​ပြောတယ်​...သူနမ်းလာရင်​ ငြိမ်​ငြိမ်​​လေးခံ တဲ့..... ပြီး​တော ပါ​သေးတယ်​....သူ့အ​ခြေ​နေကြည့်​ပြီး သူမနမ်းခင်​ ကိုယ်​က ဦး​အောင်​ နမ်း ဆိုလား ....ဒါ​တော့ ကျ​နော်​ မစမ်းသပ်​ရ​သေးသည့်​နည်းလမ်းဖြစ်​ပါတယ်​.....အင်း~~~အ​ကောင်အထည်​ဖော်​​​​ကြည့်​ဖို့လည်း ကြိုးစား​နေပါတယ်​​ပေါ့

LollipopWhere stories live. Discover now