ကလေးရေ .....
ကလေးရဲ့ အပြုံးလေးသိပ်ကိုလှလွန်းတယ်ကလေးရယ် ...
ကလေးရဲ့ဖြူစင်မှူတွေ အပြည့်အဝပေါ်လွင်နေတဲ့ အပြုံးလေးက မြင်နေရတဲ့သူအတွက်ပါ စိတ်ထဲကမသိပဲ လိုက်ပြုံးမိစေတာ အမှန်ပါ ❤
ကလေးရဲ့ အပြစ်ကင်းစင်တဲ့ရယ်သံလေး ...
ကလေးရယ်ရင်လေ ...
ကလေးရဲ့အကျင့်တခုဖြစ်တဲ့ လက်ကလေးကာရင်း
ကလေးရဲ့ မျက်လုံးလေးတွေလဲ အတူတူလိုက်ရယ်နေတတ်သေးတာ ... ❤ရယ်လိုက်ရင် ပါးချိုင့်လေးကလဲ အထင်းသား ❤
လက်ကလေးနဲ့ ထိတွေ့ချင်လောက်အောင် လှတဲ့ ကလေးရဲ့ပါးချိုင့်လေး ❤များများရယ်ပါ ကလေးရေ ... များများပြုံးပါကလေးရေ ....
ကလေးရဲ့အပြုံးတွေက လူတစ်ဖက်သားရဲ့ ရင်ထဲ အေးချမ်းစေရလောက်တဲ့ထိ စွမ်းတာ ကလေးသိပါစေ ❤
YOU ARE READING
Love Means 💘
RomanceWhen you're falling in love with someone deep and deeper .... :') 💞