Zawgyi
ခြံရှေ့ကားရပ်လိုက်သည်နှင့်
"တောက်စ်!!! "
ထောင်းခနဲထွက်လာတဲ့ဒေါသနဲ့အတူ
ကားပေါ်က ဆင်းကာ
ခြံတံခါးမှာလာချိတ်ထားကြတဲ့
မျိုးစုံသော အရုပ်ကြီးငယ်တို့နဲ့ လက်ဆောင်ပန်းတွေကို
ဖြုတ်ပြီး နင်းခြေပစ်လိုက်သည်"သူ..သူဌေး..."
အထိတ်ထိတ်အလန့်လန့်နဲ့ ပြေးလာတဲ့ခြံစောင့်ဦးလေးကြီး.."ခင်များ ဘယ်သွားနေလို့ ခြံရှေ့မှာ ဒါတွေရောက်နေရတာလဲ
ဟမ်! ကိုယ့်တာဝန်ကို ကျေပွန်အောင်မလုပ်နိုင်ရင် အလုပ်ထွက်လိုက်တော့ ""တောင်းပန်ပါတယ် ဦးလေးtoiletလေး ခဏသွားနေတုန်း
လာထားသွားကြတာပါ နောက်မဖြစ်စေရပါဘူး သူဌေးရယ်
အလုပ်တော့မထွက်ပါရစေနဲ့ "ဦးလေးကြီးက တောင်းပန်စွာပြောလာသည်မို့
Jonginစိတ်ကိုလျော့လိုက်သည်ကလေးငယ်သည်လည်း ဦးလေးကြီးကို ခင်နေသည်မို့
ဦးလေးကြီးသာ အလုပ်ထွက်သွားလျှင်
Jonginကို အမျက်တော်ရှပေလိမ့်မည်"ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ အခုချက်ခြင်း ဒီပစ္စည်းတွေ သွားလွင့်ပစ်ပါ "
"ဟုတ်ကဲ့..."
ခြံစောင့်ဦးလေးကြီးက အရုပ်တွေရော
ကြေမွနေပြီဖြစ်တဲ့ ပန်းစီးတွေပါ
အလျင်စလိုလိုက်ကောက်နေသည်အဲ့တော့မှ Jonginကားပေါ်ပြန်တက်ကာ
ခြံထဲကို မောင်းဝင်လာခဲ့သည်👬👬👬👬👬👬👬👬👬👬👬👬
အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့်
ဖောင်းကားနေတဲ့ စောင်ပုံကြီးကို အရင်မြင်လိုက်ရသည်ကလေးငယ်ဟာ အအေးသိပ်ကြောက်တတ်တာပဲ...
ထိုစောင်ပုံကြီးကြားထဲမှာ နစ်နေတဲ့ ကလေးငယ်ငယ်..
ကုတင်ပေါ်အသာတက်ကာ
စောင်ပုံကြားထဲလူကို မနည်းဖော်ယူရသည်ကြည့်ပါဦး....
အိမ်မောကျနေတဲ့ကလေးငယ်ဟာ
သိပ်ကိုမှ ချစ်စရာကောင်းလှပါရဲ့ပကတိဖြူစင်တဲ့ မျက်နှာလေးဟာ
ပြည့်ဖောင်းလို့....
ဆေးမကူတဲ့ နှုတ်ခမ်းထူထူတွေဟာ
Jonginရဲ့သမာဓိကို သိပ်စမ်းသပ်တတ်ကြသည်....
YOU ARE READING
Precious
Fanfictionကလေးရေ....ဘေဘီရေ.... ပူးကျူးကျူးလေးရေ....ကိုကို့သည်းငယ်လေးရေ... #KaDi #super sweet😎