With Love For Life

394 50 6
                                    

" Omma .. သားလွမ်း​နေတာ​ဗျ "

ကျွန်​​တော်​တကယ်​ Omma နှင့်​ Appa ကိုလွမ်း​နေတာ​ဗျ .. အခု​တော့ကျွန်​​တော်​​မေ​မေနဲ့​တွေ့ရပြီ .. ​ဖေ​ဖေက​တော့အိမ်​ကြီးအိမ်​​ကောင်းမှာအလုပ်​လုပ်​ရလို့လားမသိ ပိုပြီး​တောင်​ခန့်​လာ​သေးတယ်​ .. အခုလဲကျွန်​​တော်​​မေ​မေ့ကိုဖက်​ပြီးအလွမ်းသယ်​​နေတာကိုပြုံးပြီးကြည့်​​နေတယ်​​လေ

" ကဲ သားငယ်​ ကပ်​ချွဲ​နေတာ​တွေရပ်​​တော့ အခု​လောက်​ဆိုသခင်​​လေးနိုး​လောက်​ပြီ .. မင်းရဲ့သားကိုသခင်​​လေးဆီ​ခေါ်သွားပြီးတစ်​ခါတည်းမိတ်​ဆက်​​ပေးထားလိုက်​ "

ဖေ​ဖေဝင်​​ပြော​တော့မှကျွန်​​တော်​လဲကိုယ့်​ကိုယ့်​ကိုကြည့်​​ကောင်း​အောင်​ပြင်​ဆင်​လိုက်​ရတယ်​ ..

အေး​လေ .. အခုမှ​တွေ့ရမယ့်​သခင်​​လေးဆိုလားဘာလား​ရှေ့မှာ​တောသားဆိုပြီး​တော့အထင်​​သေးမခံချင်​ပါဘူး .. Jeon Jungkookသိက္ခာကျတာ​ပေါ့​နော ..

" ခွမ်း ...... "

လှေကားတက်​​နေရင်းမှကြားလိုက်​ရသည့်​တစ်​စုံတစ်​ခုကွဲ​ကြေသံကြီး​ကြောင့်​​မေ​မေလဲမျက်​နှာပျက်​သွားတယ်​ .. ကျွန်​​တော်​လဲတုန်​သွားတယ်​ ..

" သား .. မြန်မြန်​လာ .. သခင်​​လေးကိုဟိုမိန်းမဘာ​တွေစိတ်​အ​နှောင့်​အယှက်​ဖြစ်​​​အောင်​လုပ်​ပြန်​ပြီလဲမသိဘူး "

ဟိုမိန်းမ ... ?

လှေကား​ပေါ်ကမ​ပြေးရုံတမယ်​တက်​သွားတဲ့​မေ​မေ့​ကြောင့်​သူလဲ​နောက်​က​​ခြေတရွတ်​ဆွဲပြီး​ပြေးတက်​ခဲ့ရသည်​ ..

" ငါ့အနားကထွက်​သွားလို့​ပြော​နေတယ်​​လေ "

အခန်းတံခါး​နား​ရောက်​​တော့​တစ်​စုံတစ်​​ယောက်​၏စိတ်​တိုတိုနှင့်​​အော်​လိုက်​သံ​ကြောင့်​ကျွန်​​တော်​​မေ​မေ့ကိုလှမ်းကြည့်​​တော့​မေ​မေကတံခါး​ခေါက်​၍သာအထဲဝင်​သွားသည်​ ..

အခန်းထဲမှာမြင်​​နေရသည့်​မြင်​ကွင်းကသိပ်​မ​ကောင်းလှ .. Wheel Chair ​ပေါ်မှာထိုင်​​နေသည့်​အိမ်​ကြီးရှင်​သခင်​​လေးသည်​လက်​လှမ်းမှီရာအားလုံးကို​ချေမွဖျက်​ဆီးပစ်​​နေ​ကြောင်းကိုကြမ်းပြင်​​ပေါ်ရှိပန်းအိုးကွဲများ၊ ဖန်​ခွက်​ကွဲများကသက်​​သေခံလျက်​ရှိသည်​ ..

You've reached the end of published parts.

⏰ Last updated: Oct 05, 2017 ⏰

Add this story to your Library to get notified about new parts!

With Love For LifeWhere stories live. Discover now