Unicode
ကားပေါ်တွင် တိတ်ဆိတ်နေလေသည်...
အရှိန်ပြင်းစွာမောင်းနေသဖြင့် ပြိုင်ကား၏ ငြိမ့်ငြောင်းသော engineစက်သံမှ လွဲ၍ ဘာအသံမှ မကြားရချေ...
တော်တော်ကို စိတ်ထဲမှာ ကသိကအောက် ဖြစ်လှသည်...တစ်ခါမျှသာ တွေ့ဖူးတဲ့လူတစ်ယောက်ရဲ့ ဆွဲခေါ်လာခြင်း ခံရသည်လေ
ပြီးတော့ ဘာမှ ဂဃနဏမသိဘဲ လိုက်လာရတာဆိုတော့" အခုက ဘယ်သွားနေတာလဲ? "
" ကျစ်... ပါးစပ်လေး ပိတ်ပြီး လိုက်ခဲ့လို့ မရဘူးလား "
အမြဲ စိတ်က လက်တဆစ်နဲ့လူကို ပြန်ပြောဖို့လည်း စိတ်ကူးမရှိတာမို့ တစ်ဖက်ကိုသာ လှည့်လာလိုက်တော့သည်
၁၅မိနစ်လောက် မောင်းလာပြီး တစ်နေရာရောက်တော့ ကားကို ထိုးရပ်လိုက်လေသည်...
Park Jimin... ခင်ဗျား သိပ်ကို စိတ်မရှည်တာပဲ..." ဆင်း... "
ကားခါးပတ်ကြိုးကို ဖြုတ်ရင်း ပြောလာတဲ့ သူ...
ကိုယ်လည်း စကားရှည်မနေချင်သဖြင့် မြန်မြန်သာ ကားပေါ်က ဆင်းလိုက်သည်..
သူဦးတည်သွားနေတာက ဆေးခန်းတစ်ခုလား?
ဘာလုပ်မလို့ပါလိမ့်....ဘာမှ စကားဆက်မနေတော့ဘဲ သူ့နောက်သာ လိုက်လာခဲ့လိုက်သည်
ကိုယ့်ဘာသာ စိတ်ညစ်တာတောင် နားနားနေနေ မနေရဘူး" Hoseok.. "
ဆေးခန်းထဲ ဝင်ဝင်ချင်း သူက စကား စ,လိုက်သည်..
သူခေါ်လိုက်တော့... အခန်းထဲက ထွက်လာတဲ့ Duty coatနဲ့ဆရာဝန်တစ်ဦး
ဆံနွယ်အနီလေးတွေနဲ့ ကြည့်ရတာ သိပ်ကြင်နာတတ်မယ့်ပုံပေါက်တဲ့ ဆရာဝန်ပဲ..." ဟေး Park Jimin.. ဘာဖြစ်လာလို့လဲ? "
" ငါမဟုတ်ဘူး... ဒီကောင်လေး လက်မောင်းထိထားလို့ နည်းနည်းကြည့်ပေးဦး... "
ဘာလဲ... ဒဏ်ရာကို ကုပေးချင်လို့ ခေါ်လာပေးတာလား
ခင်ဗျားရဲ့စိတ်ကို မခန့်မှန်းတတ်ဘူး Park Jimin...
" အေး ဟုတ်ပြီ.. ဒါနဲ့ ဒီကောင်လေးက ဘယ်သူလဲ.. "
" ငါ့သက်တော်စောင့်အသစ်... အဖေလေ.. သူ့ကို ငါ့နားထားပြီး ငါ့အကြောင်းတွေ စုံစမ်းခိုင်းမှာ ငါမသိဘူးမှတ်နေတယ်... "
YOU ARE READING
BODYGUARD
Fanfiction" ဘာလို့ ပြုံးနေတာလဲ? " " မင်းနဲ့တူတူရှ်ိရမှာကိုတွေးမိပြီး စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ "