ကိုယ်ကျင်လည်တဲ့ ကမ္ဘာ နဲ့
မင်းတို့နေထိုင်တဲ့ ကမ္ဘာ က
အစတည်းက မတူညီခဲ့ဘူးလေ..
ကိုယ်ပျော်မွေ့တဲ့ ကမ္ဘာ နဲ့
မင်းတို့ နှစ်ခြုက်တဲ့ ကမ္ဘာ ကလည်း
မတူနိုင်ဘူးလေ.....
ကိုယ်ရှင်သန်ရာ ယုံကြည်မှုနဲ့
မင်းတို့ ရှင်သန်ရာ ခံယူချက်တွေကလည်း
အရမ်းကို ခြားနားလွန်းပါတယ်....
ဒါကြောင့်လေ~~~~~
ကိုယ့်ကမ္ဘာလေးမှာပဲ ကိုယ်ရှင်သန်ကြရအောင်လား
မတူညီတဲ့အမြင်တွေကြားမှာ
မတူညီတဲ့ ခံစားချက်တွေနဲ့
ကိုယ့်ယုံကြည်ရာကို အပြစ်မဖို့ပါနဲ့လား....
မင်းတို့အပြစ်ပြောနေတဲ့ အဲ့တစ်ဖက်စွန်းရောက်
ခံစားချက်ကြီးကို လက်မခံနိုင်ရင်တောင်
မလှောင်ပြောင်ကြပါနဲ့လားကွာ....
ကိုယ်တွေ တကယ်ကိုခံစားနေရတာမို့
ဒီတိုင်းလေးပဲ လွှတ်ပေးထားလိုက်စမ်းပါ
ကိုယ်လေ~~~တကယ်ရှင်သန်ချင်လို့ပါ......