Actually,I am...
(တကယ်တော့ ကျွန်တော်...)
Myanmar BL fiction
two shot(OC)
Part-1*ကလင် ကလင်*
သုတ-ခ ဟျောင့် ခ မင်းနဲ့တော့ကျောင်းနောက်ကျတော့မှာပဲကွာ
ခ-ဟမ် သုတ မင်း...မင်း ငါ့အိမ်ကိုဘာလာလုပ်တာလဲ
သုတ-ခ ရာ မင်းအိမ်လာတာ မင်းကိုလာခေါ်တာပေါ့ကွာ ဘာလဲ မင်းညီမဆီလာတယ်များထင်နေတာလား ငါ မိန်းကလေးတွေ စိတ်မဝင်စားတာ မင်းအသိပဲကို ခ ရာ
ခ-သုတ ရာ မင်းအကြောင်းကြော်ငြာမနေပါနဲ့ငါသိပါတယ်ကွာ ငါမေးတာ မင်းကဒီနေ့မှထူးထူးဆန်းဆန်း ငါ့နဲ့အတူ ကျောင်းသွားမလို့ဆိုတော့...
သုတ- စက်ဘီးပေါ်တက်တော့
ခ-ommလမ်းတလျှောက်လုံး သုတဘာမှမပြောဘဲနေတော့ ခလည်းကိုယ့်ဘာသာသာ ဟိုဟိုဒီဒီလျှောက်ငေးရင်း ဟိုအကြောင်းဒီအကြောင်းလျှောက်စဉ်းစားနေမိသည်
ခစိတ်ထင် ဒီနေ့ သုတ တယောက်ထူးဆန်းနေသည် ခါတိုင်း သူ့ချစ်သူ အင်း သူ့ချစ်သူပေါ့လေ မင်းသက်ပိုင်နဲ့အတူသွားနေကျကို ဒီနေ့မှ ခဆီရောက်ချလာတာ ခုတော့ သူ့စက်ဘီးရဲ့နောက်ခုံလေးမှာ ခထိုင်ခွင့်ရနေပြီလေ သူ့ခါးကိုအမိအရဖက်ထားပြီးတော့ပေါ့ သူတို့နှစ်ယောက်ရန်ဖြစ်ထားကျလေသလားတော့ခ မသိ မင်းသက်ပိုင်ကိုအားနာပေမယ့် ဒီတရက်လေးပဲ ဒီတရက်လေးပဲ ခ အတ္တကြီးပါရစေလား သူ့ကို ရဲရဲဝင့်ဝင့်ဖက်ထားပါရစေ ဒီတရက်လေးပဲ ကိုယ့်အတွက်ကိုယ်ကြည့်မှာပါကျောင်းတွင် သုတသည် တယောက်တည်းသမားသာဖြစ်သည် သူများယောက်ျားလေးတွေလိုမိန်းကလေးများကိုစိတ်ဝင်စားသည်မဟုတ်ဘဲ မင်းသက်ပိုင်နှင့်ယောက်ျားလေးအချင်းချင်းတွဲသည့် သူ့ကိုတခြားသူများကချဉ်ကျလေသည် တချို့သောမိန်းကလေးများကသာ သူ၏ချောမောခန့်ညားသော ရုပ်ရည် သွင်ပြင် နှင့် မြင့်မားသောအရပ်တို့ကြောင့် သဲသဲလှုပ်နေကြသည် တချို့ကျတော့လည်း သူကhomo gayဟုဆိုကာ စိတ်မဝင်စားကျ homoကိုလက်မခံသော ကျွန်တော်တို့နိုင်ငံတွင် သူသည် အထူးအဆန်းတယောက်လိုသတ်မှတ်ခံရသည် သို့သော် သူကတော့ သူ့ကို တီးတိုးပြောကြသူတွေကိုရှိတယ်လို့တောင်သတ်မှတ်တာမဟုတ် ထို့ကြောင့်ခုသူ့ချစ်ချစ်နဲ့ရန်ဖြစ်ထားတော့မှတယောက်တည်းရှိသောသူ့ သူငယ်ချင်းကျွန်တော့်ဆီလာကပ်နေတာဖြစ်မည် ကျွန်တော်ကတော့ကျောင်းရှိလူတိုင်းနှင့်တည့်အောင်ပေါင်းသည် ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်လည်းရှိသောကျွန်တော်မှာ ကျောင်းတွင်လူချစ်လူခင်ပေါလှသည် စိတ်မဆိုးတတ်သောကျွန်တော့်ကို သူတို့အားလုံးက စကြနောက်ကြသည် ကျွန်တော်ကလည်း ယခုတက္ကသိုလ် ဒုတိယနှစ်ရောက်တာတောင်ရုပ်က၈တန်းကျောင်းသားရုပ်မပျောက်သေး အသားဖြူသည့်အပြင် အရပ်မှာလည်းရှည်သင့်သလောက်မရှည်လာတော့တာကြောင့် ကျောင်းသားများကြားတွင် ကျွန်တော်သည် ကလေးတယောက်သာသာလို ကျောင်းတွင် လရောင်ခ ဆိုလျှင် မသိသူမရှိလောက်အောင်ပင် နာမည်ကြီးသည် ဆိုးလိုက်သည်မှာ တချို့မိန်းကလေးတွေဆို မောင်လေး ဟုစနောက်ခေါ်သည်အထိ
YOU ARE READING
Actually,I am...(တကယ်တော့ ကျွန်တော်...)
Short StoryMyanmar BL fiction two shot(OC) အသုံးချခံဖြစ်မှန်းမသိဖြစ်ခဲ့တဲ့အချစ်ကြီးလွန်းတဲ့ကောင်လေးတစ်ယောက်အကြောင်း