BL(OC)
Final
ထွဋ်သုတ၏စက်ဘီးလေးနောက်ထိုင်ကာကျောင်းသွားရခြင်းဖြင့် လရောင်ခဟူသောကျွန်တော့်ဘဝ၏နံနက်ခင်းများသည် အရာရာပြည့်စုံသွားရသည်အချိန်၏တိုက်စားမှုကြောင့် ကျွန်တော်တို့တွဲနေကြတာ imm...သူပြောသလိုဆိုရင်ပေါ့လေ ၁လတောင်ပြည့်ခါနီးအချိန်
အချိန်တွေဟာ ကုန်ဆုံးမြန်လွန်းကြသည်လေ
ကျွန်တော်တို့မသိလိုက်ခင်အချိန်လေးမှာပင် ကျွန်တော်တို့တွဲနေကြသည်ဆိုသော်ငြားလဲ တခြားချစ်သူရည်စားများလို မdateဖြစ်ခဲ့ကြ
တယောက်နဲ့တယောက်လည်းနုရွချွဲပြစ်မနေခဲ့ကြ
ကျောင်းသွားကျောင်းပြန်အချိန်များတွင်အတူရှိနေခဲ့ကြသည်
lunch breakများတွင် အချိန်တူတူကုန်ဆုံးဖြစ်ကြသည်
စာအတူတူသင်ကြရ၍သာ တူတူထိုင်ဖြစ်ကြတာ
တခြားnormal coupleတွေလိုတော့roမဆန်ဖြစ်ကြ
imm ly ဒါကလည်းယောက်ျားလေးနှစ်ယောက်ဖြစ်နေလို့နေမှာ
သူရော မင်းသက်ပိုင်ဆိုသူနဲ့တုန်းက ဘယ်လိုတွဲခဲ့ကြလဲမသိသုတဘက်က ကျွန်တော့်အားချစ်လို့ကြိုက်လို့ရယ်မဟုတ်ပါဘဲနဲ့ သူပြောသလိုသာတွဲနေရပေမယ့်လို့ ကျွန်တော်ကတော့သူ့ကိုချစ်သည် သူ့အနားရှိနေရလျှင်ပင်ပျော်သည်
ယောက်ျားလေး၂ယောက်အချစ်ကမဖြစ်နိုင်မှန်းသိသည့် ဟိုးအရင်အချိန်တွေကတည်းက ငေးကြည့်နေရရုံနဲ့တင်ပင်
လရောင်ခကျေနပ်ခဲ့ရသည်အရင်တုန်းကလည်းချစ်သည် အခုလည်းချစ်သည် နောက်လည်းချစ်ဦးမည်ပင်ဖြစ်သည်
ဒါဆိုသုတဘက်ကရော...တခါတခါသုတ မျက်ဝန်းများထဲတွင် တခုခုကိုဖုံးကွယ်ထားသယောင်ယောင် အရိပ်အယောင်များသာမက တခုခုကိုပြောရဆိုရခက်ဘေးကျပ်နံကျပ်ဖြစ်နေပုံတွေခမြင်ရတတ်သည်
တခါတလေ ကျတော့လည်း ခကိုအားနာသလိုလို မျက်ဝန်းတွေနှင့်စိုက်ကြည့်နေတတ်ကာ တခုခုပြောခါနီးမှ မပြောတော့ဘဲ အတင်းမျက်နှာလွှဲသွားတတ်သည်ခစိတ်ထင် သူငယ်ချင်းဖြစ်သောခကိုသုတဘက်က ချစ်တယ်လို့ပြောဖို့များမျက်နှာပူနေသလားမသိ
ခစိတ်ထင်ပေါ့နော် သုတလည်းခသူ့ကိုချစ်သလို ခကိုချစ်မည်ဟုတော့ထင်မိသည်
YOU ARE READING
Actually,I am...(တကယ်တော့ ကျွန်တော်...)
Short StoryMyanmar BL fiction two shot(OC) အသုံးချခံဖြစ်မှန်းမသိဖြစ်ခဲ့တဲ့အချစ်ကြီးလွန်းတဲ့ကောင်လေးတစ်ယောက်အကြောင်း