Part-2 (ပြသာနာ အားလုံး၏ မူလအစ)

258 16 0
                                    

Blood War I: Young Age (Childhood)

Part 2

〷◠‿◠〷--------------------------〷◠‿◠〷

Kyung Soo လည်း Jong ကို ဆွဲကာ ​လျှောက်​​နေ​သော ​တောလမ်း​လေး၏ ညာဘက်​ရှိ ​မြေနိမ့်​ချိုင့်​ တစ်​ခုကို ငုံကြည့်​မိသည်​နှင့်​......

သွေးကွက်​များ မြင်​လို့ မ​ကောင်း​အောင်​ပင်​ ​မြေကြီး​ပေါ်၌ စွန်းထင်း​နေကြသည်​။
ထို့​နောက်​ ​မြက်​ခင်း​ပေါ်တွင်​လည်း ​သွေး​ကြောင်းကြီးများ....

ဘေးနားရှိ မြက်​​တွေကို ကြည့်​​ပုံအရ​တော့ တစ်​ခုခုကို တစ်​ရွတ်​တိုက်​ ဆွဲသွားသည့်​အ​နေအထား.....
ဘေးပတ်​လည်​ရှိ အပင်​များတွင်​လည်း ​သွေးစက်​များ စွန်းထင်း​နေလျက်​....

"Hyung hyung ကျ​နော်​ တို့ ဒီ​နေရာက​နေ ထွက်​သွားကြရ​အောင်​...."

ကျ​နော်​လည်း Jong လက်​ဆွဲပီး စကားဆိုလာမှ သတိပြန်​ဝင်​၍

"Kharja...."

ကျ​နော်​ တို့နှစ်​​ယောက်​လည်း တစ်​​ယောက်​လက်​ တစ်​​ယောက်​တွဲကာ ထို​နေရာမှ ​အမြန်​​ပြေးထွက်​လာကြသည်

သို့​သော်​ ကျ​နော့်​ အ​ဖေ ​ပေးထား​သည့်​ ကျ​နော့်​အတွက်​ တန်​ဖိုးအရှိဆုံးနှင့်​ တစ်​ခုတည်း​သော လက်​​ဆောင်​​လေး....
တစ်​နည်းအားဖြင့်​ ကျ​နော်​ လမ်း​ပျောက်​လျှင်​ ​ဘေးလူ​တွေကို အကူအညီ​တောင်းရန်​ ကျ​နော့်​အိမ်​လိပ်​စာ နှင့်​မိသားစု ဓာတ်​ပုံထည့်​ထားသည့်​ ​သော့ချိတ်​တစ်​ခု... ထို​နေရာ၌ ကျကျန်​ခဲ့သည်​ကို ကျ​နော်​ သတိမထားမိခဲ့ခြင်းက စပ်​စုခြင်းအပြင်​ ဒုတိယ​မြောက်​ အမှား တစ်​ခု ဖြစ်​ခဲ့မည်​ ဆိုလျှင်​......

A Few Minutes Later.....

"ဟူး ​တော်​​သေးတယ်​....."

"Jong ငါတို့ ခုဏက...."

"Hyung အဲ့ကိစ္စ ကို မစဉ်းစားပဲ ​နေကြရ​အောင်​.... ကျ​နော်​ တို့ ဒီ​နေ့ ​ရေတံခွန်​က ရှုခင်း​တွေကလွဲလို့ ဘာမှမ​တွေ့ခဲ့ကြဘူး​နော်​...."

"ဒါ​ပေမဲ့ Jong"

"Hyung ကျ​နော်​တို့ကို ဘယ်​သူမှယုံမှာ မဟုတ်​ဘူး.... ကျ​နော်​တို့ပဲ ဒုက္ခ ​ရောက်​မှာ....
ကျ​နော့်​ကို ကတိတစ်​ခု​ပေး​နော်​.... ကျ​နော်​တို့ ဒီ​နေ့ဘာမှ မမြင်​ခဲ့ဘူး​နော်​...."

Blood War I: Youngage (Childhood) (Hiatus)Where stories live. Discover now