Part 1(Unicode)

196 23 2
                                    

မိုးသည်းထန်စွာရွာသွန်းနေသောည
အဝေးပြေးလမ်းမပေါ်ကခပ်မှိန်မှိန် အလင်းရောင်......
သေချာကြည့်လိုက်တော့မှ အရှိန်ပြင်းစွာမောင်းနှင်လာသောကား
ကားမောင်းနှုန်းက သတ်မှတ်ထားတယ့်အတိုင်းအတာထက်ကျော်လွန်နေတယ်
ဒီ့ထက် မိုးရွာသွန်းနေတာကြောင့်ကားလမ်းမကချောနေတယ်
လမ်းကွေ့ကိုအရှိန်နဲ့ကွေ့လိုက်တယ့်အခါမှာတော့.............

ကားပေါ်ကကောင်လေးရဲ့ခေါင်းမှာသွေးထွက်ယိုနေပြီး သူ့ရဲ့ ဟန်းဖုန်းလေးက ဆက်တိုက်လင်းနေတယ် ခေါ်ဆိုသူကိုကြည့်လိုက်တော့ Omma........

Kyungsoo တစ်ယောက် Busan ကနေ Seoul ကို ကိုယ်ပိုင်ကားမောင်းပြီးအပြန်လမ်းမှာကားမှောက်ထားသော ကားနဲ့ကောင်လေးကိုတွေ့လိုက်သောအခါ
Kyungsoo......ဟမ် ကားမှောက်နေတာလား

Kyungsoo လည်းကားပေါ်ကဆင်းပြီး ထိုကားမှောက်နေသောနေရာကိုအပြေးသွားလိုက်ပြီး
ကားထဲကလူကိုရှေးဦးစွာဆွဲထုတ်လိုက်သည်

Kyungsoo......ဒီလူသောက်ပြီးမောင်းလာတာလားမသိဘူးခေါင်းမှာလည်းသွေးတွေနဲ့

ထို့နောက်ထိုလူတွင် ဖုန်းပါမပါ သိလို၍ သူ့အိတ်ကပ်တွေကိုစမ်းကြည့်ရာ ဆွဲကြိုးတစ်ကုံးသာထွက်လာသည် ထိုဆွဲကြိုးကိုလည်းသူ့အိတ်ကပ်တွင်သာထည့်ထားလိုက်သည်

ထိုအခါ Kyungsoo က သူ့ကားနောက်ခန်းကသူ့မှာပါလာသော First aid ဘူးလေးယူလာပြီးခေါင်းကိုသွေးတိတ်အောင်ပတ်တီးအရင်စီးပေးလိုက်သည်......

ပြီးတာနဲ့ Kyungsoo လည်း လူနာတင်ယာဉ်ကိုခေါ်ကာ ကားထဲတွင်ထိုလူနဲ့ပတ်သက်သောအရာကိုရှာဖွေနေလေ သည်

ထိုအခါမှထိုလူ၏ ဖုန်းနှင့် ပိုက်ဆံအိတ်ကိုရှာတွေ့သွားလေသည်
ဖုန်းကတော့ password ခံထား၍ဖွင့်မရ ထို့ပြင် ဖုန်းPower ပါပိတ်သွားလေသည်
အဲ့တာကြောင့်ဖုန်းကို kyungsoo ကသူ့အိတ်ကပ်ထဲထည့်ထားလိုက်တော့သည်

ထို့ကြောင့်ပိုက်ဆံအိတ်ရှိ ယာဉ်မောင်းလိုင်စင်သော်လည်းကောင်း မှတ်ပုံတင်သော်လည်းကောင်း ရှာတွေ့လို ရှာတွေ့ငြား ရှာဖွေလိုက်သည်

မကြာပါ လူနာတင်ယာဉ်လည်းရောက်လာသည်

လူနာတင်ကားပေါ်မှာလည်းသူမလိုက်သွားလို့ကလည်းမရ ဆိုတော့လိုက်သွားခဲ့ရသည် kyungsoo ကားပေါ်တွင်အတူပါလာ sehun နှိုးကာ ကားကို Seoul ထိတစ်ယောက်တည်းမောင်းလာခဲ့ပေးရန်ပြောပြီး လူနာတင်ယာဉ်နှင့်လိုက်သွား လိုက်သည်

Nanny Soo(Dika)Where stories live. Discover now