Arjushi ✌

7.8K 566 24
                                    


(unicode )

Flashback…

" A.r.j.u.s.h.i … "

ဒီအသံလေး   မကြားရတာတောင်ကြာပေ့ါ …

ဖဲမွေ့ယာ  အိအိပေါ်မှာ ကလေး တစ်ယောက်   ကျွန်တော့်ကို  ခပ်တင်းတင်း ပွေ့ဖက်ထားပြီး  ရင်ခွင်ထဲထိ  တိုးတိုးပီး ဝင်နေလေရဲ့…

Puppy လေး …   ကလေး လေး …

အိပ်ချင်တိုင်း အိပ်ထားသည်မို့  ကလေး ဆံပင်တွေက   ဖွာလန်လို့ရယ် …

ဆံစ လေးတွေကို သပ်တင်ပေးရင်း …
ကလေးရဲ့  မျက်ခွံမို့မို့လေးပေါ်   ဖွဖွလေး ထိကာ  နမ်းလိုက်မိတယ်…

သူလေး   ကျွန်တော့် ရင်ခွင်ထဲ အိပ်စက်နေချိန်ဆို    တယုတယ ထွေးပွေ့ပေးချင်မိတာ …

Company  သွားချိန် နီးနေပေမယ့်
ရင်ခွင်ကျယ်ထဲက   ကလေးလေး  နိုးမှာစိုးတာနဲ့   ခုချိန်ထိ   အိပ်ယာ မထရသေးဘူး   …

မနေ့က    သူ့ Birthday မို့   သူငယ်ချင်းတွေနဲ့    လည်ပတ်ခွင့် ပြု လိုက်တာ …  ဘယ်လောက်တောင်  သောက်စားလာတယ်မသိ …

ခေါင်းတောင်  မထောင်နိုင်ရှာဘူး …

ကိုယ်ကတော့ ကလေး ဆိုပြီး လိုက်လျော အလျော့ပေးခဲ့တာ …   ဒါကို
ဒီကလေးက  အမြဲအခွင့်ကောင်းယူတယ်  

လူလည်ပတ်ကားလေး …

" တော်ရုံပဲ   အိပ်သင့်တယ်နော် Hyunnie…"

" ဟင့် … Arjushi  ကလဲ…"

" နိုးနေပြီကိုကွာ … ဆက်မအိပ်နဲတော့ …
ထတော့လေနော် "

"  အိပ်မှာပဲ …"

မျက်လုံးကသာ   ခုထိ  မဖွင့်သေးတာ … ပါးစပ်က   ပွစိ ပွစိ နဲ့ …

"  Ok …  ဆက်အိပ်နေ  … ဖတ်ထားတဲ့ လက်တွေကိုတော့ ဖယ်လိုက်  "

"  မဖယ်ဘူး … "

ကလေးရဲ့ လက်တွေကို  ဖယ်ထုတ်မယ် လုပ်ကာမှ   …  ဒီကလေးဟာ  ပိုပြီးတော့တောင်    တွယ်ဖက်လိုက်သေးတာ …

" Arjushi … ကလေး ကို ချစ်လားဟင် "

"  ချစ်တယ်  …   ထတော့နော်  ကလေး "

" အွန်း …"

Chanyeol   က  သူ့ခါးမှာ သွယ်ဝိုက်ထားဆဲ Baekhyun ရဲ့ လက်တစ်စုံကို   ဆွဲဖယ်လိုက်ချိန် …
ပါးပေါ်ကို   နုနုထွေးထွေး  နှုတ်ခမ်းလွှာလေးက  ဖျက်ခနဲ  လာရောက်ထိတွေ့သည်။

Arjushi [Completed] (Unicode+Zawgyi)Where stories live. Discover now