Chapter-1

645 31 0
                                    

သင်​တန်းခန်းမ​ရှေ့​ရောက်​​နေတာ​တောင်​ အခုထိမဝင်​ရ​သေး အခန်းထဲက လျှံထွက်​​နေတဲ့အသံ​တွေအရ လူ​တော်​​တော်​များမှာ​သေချာတယ် မြို့ကြီးသားမဟုတ်​တဲ့ သူ့အတွက်​ လူ​တွေအများကြီးကြားထဲ ရဲရဲဝင့်​ဝင့်​ ဝင်​သွားဖို့ဆိုတာ ဘတ်​စ်​ကားတိုးစီးရသလို ​တော်​​တော်​ကြပ်​တည်းလွန်းတယ်

"ဟူး... fighting မှူး "

ကို့ကိုယ်​ကို အား​ပေးပြီး တံခါးဆွဲဖွင့်​လိုက်​ရင်​ဘဲ

*Oh god! စာရင်းကိုင်​သင်​တန်းဆိုလို့ မိန်းက​လေးများမယ်​ထင်​တာ ငါ့လိုလူ​တွေအများကြီးဘဲ *

ဆက်​မ​လျှောက်​ဘဲ ရပ်​​နေမိလို့ထင်​တယ်​ တစ်​ခနိးလုံးရဲ့ မျက်​လုံး သူ့ဆီ​ရောက်​လာကာမှ

"အဟမ်း.. ဒါ section C လားခင်​ဗျာ "

*Shit! တိုးလိုက်​တဲ့အသံ *

မပူပါနဲ့ ​ရှေ့ဆုံးတန်းက​တော့ကြားရ​လောက်​တာမို့ ထိုင်​​နေတဲ့ အမကြီး​လေး​ယောက်​ကို ပြုံးပြလိုက်​တယ်

*အွင်​ ငါ့ရုပ်​​တော်​​တော်​များ ဂါ​နေလို့လား ဟိုအမ​တွေမျက်​စိက ပိုပြူးလာသလိုဘဲ ကျွတ်​စ်​ အခန်းမှားရင်​ မှားတယ်​​ပြောတာ မဟုတ်​ဘူး တစ်​ကယ်​ဘဲ *

"ဟို အခန်းမှားလာတယ်​ထင်​တယ်​ ခွင့်​ပြုပါအုံး​နော်​ "

ရှက်​ရှက်​နဲ့ ပြန်​လှည့်​​ပြေးဖို့ လုပ်​ကာမှ ​နောက်​မှာ ထီးထီးကြီးရပ်​​နေတဲ့သူ တစ်​ကယ်​ဘဲ အ​မေဟာ​လေ ရှားရှားပါးပါး သား​လေးတစ်​​ယောက်​ရှိတာ ခန့်​ညားတဲ့ ဥပဓိရုပ်​လေးကြ​တော့​ပေးပြီး အရပ်​ကြ​တော့ မ​ပေးဘူး အမြဲတမ်း သူများထက်​​ခေါင်းတစ်​လုံးနိမ့်​​နေတယ်​ ငါ​နော်

ဟိုလူ့အပြစ်​တင်​ ဒီလူ့လွှဲချပြီး ​မော့ကြည့်​ရင်​ဘဲ

*​ရွှေကိုင်းမျက်​မှန်​နဲ့ ရွှဲ​နေတဲ့ ​ခေါင်းလိမ်းဆီလိုလို အင်္ကျီလည်​ကတုံးအဖြူ ဆို​တော့ *

"ဆ..ဆရာလားဟင်​"

"ဟုတ်​ပါရဲ့ဗျာ ဆရာပါ ဘယ်​လိုလဲ ဝင်​မှာလား ထွက်​မှာလား "

BabyliciousWhere stories live. Discover now