Xia Yao ဟာလေ့ကျင့်ရေးအခန်းထဲကိုချောင်းကြည့်လိုက်တယ်။
ပူနွေးနွေးလေငွေ့က သူ့မျက်နှာကိုရုတ်ခြည်းရိုက်ခတ်သွားတာ၊ ယောက်ျားတစ်ယောက်ရဲ့
မာထန်ထန်အသည်းနှလုံးတောင်အခုအချိန်မှာ အရည်ပျော်ကြမလိုပဲ။
Xia Yao အတွက်ဒီခံစားမှုက သက်သောင့်သက်သာ ရှိလွန်းတယ်၊ သူ့ရုံးခန်းထဲက လေအေးစက်နဲ့များတခြားစီဖြစ်နေတယ်။
Xia Yao အပူပေးစက်ကို ထိကြည့်ဖို့လုပ်လိုက်တယ်။
"အား ပူလိုက်တာ ၊ အခုကအပူပေးစက်ဖွင့်ဖို့စောလွန်းမနေဘူးလား"
Xia Yao သူ့အတွေးထဲမျောနေတုန်းမှာပဲ
နည်းပြရဲ့အချက်ပေးသံက ရုတ်တရက်ဆိုသလို ထွက်လာတယ်။
" မြန်မြန်လုပ်ကြ၊ မင်းတို့အ၀တ်အစားတွေချွတ်ပြီး ရေကူးဝတ်စုံတွေနဲ့လဲလိုက်၊ ငါတို့ ဒီနေ့ ရေထဲမှာ တိုက်ခိုက်ပုံတွေကို လေ့ကျင့်ကြမယ်.."အ၀တ်လဲဖို့ထွက်သွားကြတော့ locker room ထဲမှာ Xia Yao တစ်ယောက်ပဲ နောက်ဆုံးကျန်နေခဲ့တယ်...အဲ့ဒါကြောင့် သူအ၀တ်လဲပြီးထွက်လာတော့ တော်တော်များများက အဆင့်သင့်ဖြစ်နေပြီ။
သူချက်ချင်းပဲသိလိုက်တာက လူတော်တော့များများရဲ့ သူ့ကိုကြည့်တဲ့အကြည့်တွေ။ချောမွေ့တဲ့အသားအရေ၊ ညီညီညာညာထွက်နေတဲ့ ကြွက်သားဖုတွေ၊ ပိန်တာမဟုတ်ဘဲ သိမ်သိမ်လေးဖြစ်နေတဲ့ခါး၊ ရေကူးဝတ်စုံအောက်က V ပုံစံထွက်နေတဲ့ ကောက်ကြောင်း...
ဒီ hot ဖြစ်လွန်းတဲ့ body အလှက ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ဖွဲ့စည်းပုံနဲ့။
မိန်းကလေးသင်တန်းသားတစ်ယောက်က Xia Yao အနားကိုကပ်လားပြီး
" Mr.Xi ငါနင့်တင်ပါးတွေကို ထိကြည့်ချင်တယ်ဆိုရင် ရမလား..."
Xia Yao မျက်နှာတခုလုံး ရှူံ့မဲ့သွားတယ်။
မိန်းကလေးက ထပ်စတယ် " ငါသိတယ် အဲ့ဒါက နူးညံပြီး အိနေမှာပဲ..."အနားမှာရပ်နေတဲ့နောက်မိန်းကလေးတယောက်က ပြုံးဖြီးဖြီးနဲ့ ၀င်ပြောတယ်။
" WTH နူးညံတယ်ဆိုတာ အရသာတွေကိုဖော်ပြဖို့သုံးတာ၊ တောင့်တောင့်တင်းတင်းလေးရှိတယ်လို့ပြောရမှာ..."
Xia Yao ခမျာ သူတို့ဘက်ရောက်မသွားခင် မှာဘဲ ပြုံးပြပြီးထွက်လာခဲ့ရတယ်..
YOU ARE READING
Advanced Bravely (မြန်မာဘာသာပြန်)
Lãng mạnGong Jun as Xia Yao Xu Feng as Yuan Zong Li Qiao Dan as Yuan Ru Minh En as Xuan Da Yu Chen Xun as Peng Ze Liang Xue Feng as Wang zhshui Xu He Ni ws Li Zhen Zhen