❦TRULY,MADLY,DEEPLY❦
ChanBaek BaekYeol
One Shot
Yaoi
Recommanded music - Bad Things by Camila Caebello & Machine Gun Kelly
~ I can't explain it. I love the pain. And I love the way your breath numbs me of novocaine. ~
'ရှင်ဟွာ အထက်တန်းကျောင်း'
စီးနင်းလာသော စက်ဘီးပေါ်မှ ဆင်းလိုက်ကာ စက်ဘီးလက်ကိုင်ကို ကိုင်ထိန်းရင်း ကျောင်းဂိတ်ဝရှေ့ ချန်းယော ခဏမျှ မတ်တပ်ရပ်နေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ကျောင်းဂိတ်စောင့် ဦးလေးကြီး ဂျယ်ဆော့သည် ဂိတ်ပေါက်ဝဝန်းကျင်က မြေကြီးပေါ် ရှိနေသော သစ်ရွက်ကြွေများကို တံမြက်စည်းဖြင့် လှည်းလို့နေသည်။
တူညီဝတ်စုံများဖြင့် ကျောင်းသားကျောင်းသူများသည်လည်း လမ်းလယ်ခေါင်တွင် ရပ်နေသော ချန်းယောကို ကျော်ဖြတ်ကာ ကျောင်းအတွင်းသို့ အလျှိုလျှို ဝင်ရောက်သွားကြ၏..။
အချို့က ငေါင်ငေါင်ကြီး ရပ်နေသော ချန်းယောကို အသာလှည့်ကြည့်သွားကြသလို အချို့ကတော့ ဂရုမစိုက်ကြ။ကျောင်းဂိတ်ဝ၌ မတ်တပ်ရပ်ကာ အတွေးနယ်ချဲု့နေပုံရသော ချန်းယောသည် စက္ကန့်အနည်းငယ် ကြာသောအခါမှ စက်ဘီးလက်ကိုင်လေးကို တွန်းလျက် ကျောင်းဝန်းထဲ ဝင်လာတော့သည်။
ဤကျောင်းတော်ကြီးသို့ ချန်းယောမရောက်ဖြစ်သည့် နှစ်နှစ်ဟူသော အချိန်ကာလအတွင်း၌ ကျောင်းတော်ကြီး၏ ဘယ်နေရာမှ ဘာမှကို ပြောင်းလဲမှု မရှိပေ..။
စာသင်ဆောင်ကြီးများမှာလည်း အရင်အတိုင်း၊
စာကြည့်တိုက်ကြီးမှာလည်း မပြောင်းလဲ၊
အမှတ်တရတို့ အမြောက်အမြား ရှိခဲ့သော ကျောင်းရေကန်ကြီးနှင့် ရေကန်ဘေးက သစ်ပင်ကြီးတို့ကလည်း လွန်ခဲ့သော နှစ်နှစ်ခန့်က အတိုင်းပင်။ရေကန်ကြီးနားရောက်သောအခါ ချန်းယောခြေလှမ်းတို့ ရပ်တန့်သွားပြန်သည်။
စိမ်းမြ၍ ကြည်လင်နေသော ရေများကို ကြည့်ရင်း ချန်းယော နှုတ်ခမ်းများက မဆိုစလောက် ကွေးညွတ်သွားခဲ့၏။
YOU ARE READING
❦TRULY,MADLY,DEEPLY❦ ||11:11 fic book||
FanfictionI can't explain it. I love the pain. And I love the way your breath numbs of novocaine.