ကလေး...
ဟုတ်ပါသည်
ကျနော် ကလေးကို စတွေ့တာ
အဲ့နေ့ကတည်းကမဟုတ်ခဲ့ကလေး ဆိုတဲ့နာမ်စားကလည်း
သူ့အတွက်ဘဲဖြစ်တည်လာတာမိုလို့
ဘယ်သူ့ကိုမှ ထိုနာမ်စားကိုပေးမခေါ်စေချင်
ဒါဟာ ကျနော့်အတ္တ ဖြစ်ခဲ့မယ်ဆိုရင်လေအဲ့ဒီ အတ္တ ဟာလည်းကလေးကြောင့်ဘဲဖြစ်ပါလိမ့်မယ်
သို့သော်လည်း အဲ့အတ္တကြောင့်
ခုလိုနောင်တတွေရနေတဲ့ ဘဝကို
ကိုယ်မပျော်ဘူး ကလေးရယ်...................................................
မနက်ခင်းမှာ သူ့သဘာဝအတိုင်းထွန်းလင်းတောက်ပလာတဲ့နေလုံးကြီးဟာ
ကလေးအပြုံးတစ်ချက်လောက်တောင် တောက်ပမယ်မထင်
မနက်နိုးတိုင်း ကိုယ်တောင်းတမိတာလေးပါဒါပေမဲ့လည်း မဖြစ်နိုင်ဘူးထင်တယ်နော် ကလေး...
ဟုတ်တယ်လေ ကိုယ့်ကို ကလေးကသိမှမသိဘဲကိုး
ပြီးတော့ ကလေးကို ဘယ်နေရာမှာများတွေ့ရမလဲဆိုပြီးကလေးနဲ့တူတဲ့ ကောင်လေးတွေကိုလိုက်ကြည့်နေတော့ ဟိုကောင်လေးတွေကလည်းကိုယ့်ကိုတမျိုးတွေထင်လို့ထင်နဲ့ကလေးကိုတွေ့ချင်တိုင်းတောင်တွေ့မရ
ကလေးကလည်းကိုယ်အစည်းအဝေးလာတက်တော့လည်း Companyမှာ မရှိအော်.....နေမင်းမခရဲ့ဘဝကလည်း
ကိုယ်ချစ်တဲ့သူတောင် တွေ့ချင်လို့မတွေ့ရတဲ့ဘဝ
ဒါမဲ့ မနေ့ကတော့
ကိုယ်လေ ကလေးကိုတွေ့လိုက်ရတော့
ပြောမပြတက်လောက်အောင်ကိုပျော်မိတယ်နားလေးကိုပိတ်ပြီး ပါးစပ်ကနေပွစိပွစိနဲ့
ပြောနေတဲ့ နှုတ်ခမ်းလေး
ပါးမို့မို့လေးနဲ့
အညိုရောင်ဆံပင်အုပ်အုပ်ကလေးတွေနဲ့
ချစ်ဖို့ကောင်းလောက်အောင်လှနေတဲ့ ကိုယ့်ကလေးလေးနေ့တိုင်းသူ့အကြောင်းဘဲတွေးနေမိတဲ့
ကျနော်ကိုတော့သူကသိတောင်သိမှာမဟုတ်ဘူး
သူ့ကြောင့်ရူးနေတဲ့ နေမင်းမခ ဆိုတဲ့ အကောင်ကိုလေ
ဟဟ Companyသွားဖို့အတွကက်ပြင်ဆင်နေရင်းနဲ့တောင်မှ
YOU ARE READING
အဆိပ်လူးသော မြှား
RomanceYaoi four characters and want to know this story .............. U will read it:):)ံ