Ounie ထမင်းစားပြီး အခန်းထဲဝင်မလို့ ထမင်းပန်းကန်ပြန်ထားတုန်း
လူတစ်ယောက်သူ့လက်ကောက်ဝတ်ကိုဆွဲလိုက်တော့ လှည့်ကြည့်လိုက်တယ်။Ounie: 😮 Oppa!
Jin: လိုက်ခဲ့ (Ounie လက်ကိုဆွဲပြီး canteen အပြင်ထွက်သွားသည်)
Ounie: Oppa ရိုးရိုးပြောလို့မရဘူးလား လက်အရမ်းနာနေပြီ လွှတ်ပေးပါ (လက်ကိုရုန်း၍ပြောနေသည်)
Jin: (လက်ကိုလွှတ်၍) ဘာလဲနင်က ဟိုကောင့်ကိုငါ့မကောင်းကြောင်းပြောနေတာလား? ဘာလဲနင်က သူများတွေသနားတာလိုချင်တာလား?
Ounie: Ani! Oppa Mearrnaeyo! ငါကအဲ့လိုမရည်ရွယ်ပါဘူး။ (မျက်ရည်ကြလာပြီး ခေါင်းငုံထားသည်)
Jin: ငါနင့်ကိုစိတ်ပြတ်တာအဲ့တာတွေပဲ တစ်စိတ်ရှိမျက်ရည်ကြမယ်ဆိုတာကြီးပဲ နင်အဲ့လိုလုပ်လို့ကော ငါသနားမယ်ထင်လား?
Ounie: သိပါတယ် Oppa ငါ့နဲ့ပတ်သက်ရင်ဘာမှမခံစားရဘူးဆိုတာလည်းသိတယ် ငါ့ကိုကစားနေတယ်ဆိုတာလည်းသိတယ် ငါ Oppa နားကိုရောက်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ် ဒါပေမယ့် ပိုဝေးဝေးသွားသလိုပဲ အခုချိန်ကစပြီး ငါတို့နှစ်ယောက်ဆက်ဆံရေးကိုပြန်စဉ်းစားရတော့မယ် ( Jin ကိုစိုက်ကြည့်ပြီးထွက်သွားသည်)
Jin ကတော့ဘာမှမပြောနိုင်ပဲကျန်နေခဲ့သည်။
ကျောင်းဆင်းတော့ ခါတိုင်းလိုမျိုး Ounie က Jin နားသွားမကပ်တော့ပါ မသိချင်ယောင်ဆောင်နေခဲ့သည်။
ခါတိုင်းကျောင်းဆင်းရင် Ounie တစ်ယောက် Jin နားသွားပြီး Oppa တော့ပူကီသွားစားရအောင်ဆိုပြီး လက်မောင်းကိုဖတ်သည် ပြီးတော့ သူ့လွယ်အိတ်လဲအမြဲသယ်ပေးသည်။Jin ကတော့ သူ့ရှေ့ကနေသူ့ကိုမသိသလိုဖြတ်လျောက်သွားတဲ့ Ounie ကိုကြည့်နေခဲ့တယ်။
Ounie ya!! Ounie လှည့်ကြည့်လိုက်တော့ Namjoon ဖြစ်နေတယ်။
Namjoon: Ounie ya! တစ်ယောက်ထဲပြန်မှာလား ငါနဲ့အတူတူ ပြန်ရအောင် (Ounie အနောက်ကလိုက်၍ပြောလေသည်)