💗 Part-9 💗

3K 316 13
                                    

" ​ဒီ​နေ့အတွက်​ ​ကျေးဇူးဘဲ "

ဒါ ဒီ​နေ့တစ်​ရက်​လုံးအတွက်​ kyung soo​ပြောတဲ့ပထမဆုံး​ကျေးဇူးတင်​စကား.....
တစ်​လမ်းလုံးလဲ တိတ်​ဆိတ်​​နေခဲ့ပြီး အခု
သူ့အိမ်​​ရှေ့​ရောက်​မှ ကား​ပေါ်ကဆင်းဆင်းချင်း
စ​ပြောလာသည့်​စကားပင်​။

တစ်​​နေ့လုံးjong inအိမ်​၌ ရှိ​နေခဲ့ပြီး ​မွေး​နေ့cakeလဲ နှစ်​​ယောက်​အတူခွဲခဲ့ကြသည့် အပြင်​ kyung sooကြိုက်​တဲ့ စပါကတီလဲ
ကိုယ်​တိုင်​လုပ်​​ကျွေးဖြစ်​ခဲ့သည်​​လေ။

မွေး​နေ့လက်​​ဆောင်​အ​နေနှင့်​က​တော့
Jong inရဲ့ အနမ်းများသာ​ မွတ်သိပ်စွာ​​ပေးခဲ့မိသည့်​အဖြစ်​။

ထို့​ကြောင့် က​​လေး​လေး
ရှက်​​နေ​သည်​ထင်​ရဲ့....

Jong inက​တော့ ​နေရခက်​သလိုလိုနှင့်
မျက်​လွှာအသာချကာ အိမ်​တံခါးဝမှာ သွားရပ်​​နေသည့်​ ​ကောင်​ငယ်​​လေးကိုသာ​ ငေးကြည့်​ရင်း သ​ဘောကျ​နေမိသည်​​လေ။

လူတစ်​​ယောက်​ကိုချစ်​ရတာ jong inအတွက်
သိပ်​ခက်​ခဲတဲ့အရာမဟုတ်​ဘူးလို့ ခံယူထားခဲ့​ပေမဲ့kyung sooကိုချစ်​ရတာ​တော့ အ​တော်​ပင်​ခက်​ခဲ​နေ​လေရဲ့။

Kyung sooကို အခု​နေများ ဖွင့်​​ပြောလိုက်​ရင်
စိတ်​ဆိုးသွား​လေမလား သူ့ကိုကစား​နေတယ်​ဆိုပြီးများ မုန်းတီးသွား​လေမလား ​တွေးရင်း​တွေးရင်းကို ပူပန်​​နေရတာ​ကြောင့်
ဖွင့်​​ပြောမဲ့ အစီအစဉ်​ကို​တော့ ​နောက်​ဆုတ်​ထားမိသည်​​လေ။

" ကိုယ်​တို့ကြားမှာ​ ကျေးဇူးတင်​ဖို့မှ မလိုတာဘဲ"

" ... "

" baby​သိလား ကိုယ့်​​မွေး​နေ့ကသန်​ဘက်​ခါ​လေ ကိုယ်​တို့နှစ်​​ယောက်​က ရက်​သိပ်​မကွာဘူးဘဲ"

"အင်း အဲ့​တော့ဘာဖြစ်​လဲ"

Kyung sooအနားတိုးရပ်​ကာ အခုထိ​ခေါင်းငုံ့​နေဆဲ​ကောင်​​လေး၏ နားရွက်​ဖျားနား တိုးကပ်​လို့ စကားသွား​ပြော​လေ​တော့

မျက်​လုံးဝိုင်းတို့ကိုပင့်​တင်​၍ jong inအား
မော့ကြည့်​ရင်း ပြန်​​မေးလာသည့်​ ထို​ကောင်​​လေးအားအသဲယားလွန်းလို့ ဖျစ်​ညှစ်​ပစ်​ချင်​စိတ်​​တောင်​​ပေါက်​လာ​လေရဲ့။

Our Relationship is......Where stories live. Discover now