* ကျောင်းထိပ်မှာစောင့်နေတယ် …
ပေးစရာအကြွေးပါတစ်ခါတည်းယူလာခဲ့ …*Sms ကိုဖွင့်ဖတ်ပြီးသည်နှင့် စိတ်တွေမဟားတရားထိုးကျသွားသော Park Chanyeolလေး …။
ဒီနေ့ဆို Byun သူဋ္ဌေးခွင့်ပြုပေးထားသည့် တစ်လတင်းတင်း ပြည့်ပြီ…။
သို့သော် … ကျွန်တော့်လက်ထဲ Won 2000 အပြင် ဘာမှမရှိ :3
အချိန်ပိုင်းလုပ်ဖို့ လျှောက်ထားဖို့နေနေသာသာ ကိုယ့်ဟာကိုယ် စာမေးပွဲအတွက် လုံးပမ်းနေရသည်မို့ game ဆိုင်တောင်မသွားရတာကြာလှပြီ။ဒီနေ့စာမေးပွဲနောက်ဆုံးရက်လည်းဖြစ် … Byun သူဋ္ဌေးသတ်မှတ်ပေးထားတဲ့ Time limit ကကုန် ။
ဟင်းး … Park Chanyeol လေး သေချင်တယ် :3အဲ… Byun သူဋ္ဌေးက ပိုက်ဆံသာကပ်စီးကုပ်တာ စိတ်ထားလေးကတော့ မဆိုးရှာဘူး…။
ကျွန်တော်စာမေးပွဲဖြေစဉ်အတောအတွင်း မုန့်တွေတမျိုးပြီးတမျိုးလာပို့ပေးရတာကတစ်မျိုး
Sms တွေပို့ပို့ပြီး ဖြေနိုင်လား, သာကြောင်းမာကြောင်းမေးတာကတစ်ဖုံ
ကျောင်းသွားကျောင်းပြန် ကြိုပို့လုပ်ပေးတာကတစ်သွယ် …
အို … Park Chanyeol လေးခမျာ စာမေးပွဲအတွင်း ဇိမ်ပဲ …။စာမေးပွဲလည်းပြီးရော လူကခွေးလုံးလုံးဖြစ်ပြီ :3
အကြွေးလာတောင်းပြန်ပြီ …
မသိဘူး ပိုက်ဆံမရှိတာပဲသိတယ် :/-
-မျက်နှာလေးကို ငယ်နိုင်သမျှငယ်
မျက်ရည်တွေကိုအတင်းညှစ်ထုတ် …
ပြီး … Byun သူဋ္ဌေး၏ ကားတံခါးကိုသွားခေါက်လိုက်တော့ …" အထဲဝင်လာခဲ့ "
ကားထဲရောက်တာနဲ့ Park Chanyeol လေး Drama စခင်းပြီ။
" ဘယ်မှာလဲ အကြွေး … ပန်းကန်ဖိုးအတိုးရယ်အရင်းရယ် ပြီးတော့ Soju ဖိုးရယ် စုစုပေါင်း Won 667500 … ကဲ ဘယ်မှာလဲ ပေးတော့ Park ကလေး "
လက်ဖြန့်ပြီး တောင်းလာသော Byun သူဋ္ဌေးကို တချက်ကြည့်လိုက်ရင်း …" Byun သူဌေး … ဟို ကျွန်တော့်မှာအဲ့လောက်ပိုက်ဆံအများကြီးမရှိဘူးလေ … ဒီရက်ပိုင်းစာမေးပွဲဖြေနေရတာ Byun သူဋ္ဌေးလည်းသိတာပဲကို… အချိန်ပိုင်းလုပ်လို့ကမရလို့ပါ … အဲ့ဒါကြောင့် ပေးရမယ့်ပိုက်ဆံတွေကို လျှော်ပစ်လိုက်လို့မရဘူးလားဟင် * Sob * "
YOU ARE READING
My Capitalist
FanfictionBoy × Boy Baek × Yeol Short Story ( 11:11 ) ChanBaek Day အားရည်ရွယ်လျက် ...။ Story Line By Thitsar_ Chanyeollie