"ဘယ်လိုရယ်?ငြင်းချက် မထုတ်ချင်သေးဘူး..သူကလေ??"
မယုံကြည်ဟန် အပြည့်နဲ့ မေးလိုက်တဲ့ ကျွန်တော့်အမေးကြောင့် Manager.Gimက ခေါင်းတစ်ချက်ငြိမ့်ပြလာပြီး...
"Nae..၊အခုလောလောဆယ်တော့ ခဏဆိုင်းထားပါဦးမယ်တဲ့.."
"ဘာလို့တဲ့လဲ??"
ငြင်းချက် မြန်မြန်ထုတ်နိုင်လေ သူ့အတွက်နစ်နာမှု ပိုနည်းလေ ဖြစ်နေတာ...၊ဒါကို ဒင်းလေးက ဘာရယ် ခဏဆိုင်းထားပါဦးမယ်တဲ့လား...။
"ကျွန်တော်မသိဘူး..ဥက္ကဌကြီး.."
သိချင်စိတ်နဲ့ စောင့်နေမိသော်ငြား ပြန်ရလိုက်တဲ့ အဖြေက စိတ်တိုင်းကျစရာ နည်းနည်းလေးမှ မရှိ...။
"မဟုတ်သေးဘူးလေ..၊ငြင်းချက် ထုတ်ဖို့မထုတ်ဖို့က သူ့ဆီက ခွင့်ပြုချက် ယူစရာမလိုဘူး..။ကုမ္ပဏီက ငြင်းလိုက်ပြီဆို ပြီးနေပြီလေ..ရှင်းရှင်းပြောရရင် ငါ့ဘက်က ငြင်းဆိုစာတစ်စောင်ထုတ်ပြီး လက်မှတ်ထိုးပေးရင် ပြီးပြတ်သွားတဲ့ ပြဿနာ..။ဒါကို ဘာလို့ သူက သူ့ခံယူချက်တွေ လာတင်ပြနေရတာလဲ??"
ရှုပ်ထွေးလာတဲ့ စိတ်အစုံကြောင့် ကျွန်တော် လေသံမာမာနဲ့ မာန်မဲမိတော့ ခပ်တိုးတိုး သက်ပြင်းချလာတဲ့ Manager.Gim...။
သူလည်း စိတ်ညစ်နေတော့မှာပဲ...
"အခုသူဘယ်မှာတုန်း??မအားဘူးလား??"
မေးဆတ်ကာ မေးလိုက်ပြန်တော့ ပြန်ရလိုက်တဲ့ အဖြေက ခေါင်းငြိမ့်ထောက်ခံမှု တစ်ခုသာ...
"သွား..သွား..၊သွားတော့..သူနဲ့ပဲ တိုက်ရိုက်ကြည့်ပြောလိုက်တော့မယ်...။"
ဦးညွတ်အရိုသေပေးကာ ထွက်သွားသူ အခန်းပြင် မရောက်ခင် အမြန်လှမ်းပြောလိုက်မိပါသေးတယ်...။
"သူ့scheduleတွေကို အပြည့်မလုပ်ပေးထားနဲ့..၊နားပါစေဦး..."..လို့လေ...
အင်း...ကိုယ်ကသာ သူ့အတွက် စဉ်းစားပေးနေတာ..၊သူ့ကတော့ ဘာတွေ စိတ်ကူးပြီး ငြင်းချက်မထုတ်ချင်သေးတယ်မသိ...။
YOU ARE READING
Only 5 Words[chanbaek-one shot]
FanfictionHappy chanbaek day... Happy 11:11 day... Chanbaek's love never end... This day is aim for never ending love ....ဘယ်သောအခါမှ အဆုံးသတ်သွားမှာ မဟုတ်တဲ့ သူတို့ချစ်ခြင်း... အား..ဖော်ကျူးသောအားဖြင့်.... 2017,Nov 11