မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ရင်း Baekအရမ်း စိတ်ပျက်မိသည်..
အရင်တစ်ချိန်က သေးသေးသွယ်သွယ် ခါးနေရာမှာ တုတ်ခိုင်မှုတစ်ခုအစားထိုးရောက်ရှိလာခဲ့ပြီ...
Suitဝတ်တိုင်း Shirtဝတ်တိုင်းချပ်ရပ်ကာ အမြဲကြည့်ကောင်းခဲ့သော Fangirlတို့ သဘောကျခဲ့ရလွန်းသော ချောကလက်တုံး Absတို့နေရာမှာ ပူပူစူစူဗိုက်လေးတစ်လုံးကရောက်လာခဲ့ပြီ...
အရင်တစ်ချိန်က ခေါင်းငုံ့ကာ အောက်ကို ကြည့်ရင် ခြေချောင်းသွယ်သွယ်ဖွေးဖွေးလေးများကို အတိုင်းသားမြင်နေကျ..အခုတော့ဖြင့် ကိုယ့်ဗိုက်ကခံနေပြီ..
လရင့်လာလေ ခြေထောက်ကလေးများ လက်ကလေးများကလည်း ယောင်လာတတ်ကာ ဖောင်းဖောင်းလာသည်မို့လူက လေထိုးရုပ်လို...
..ဟင့် Park Chanyeolအစုတ်ပဲ့ကြီး သင်းကြောင့် ငါဒီလိုဖြစ်တာ....
Baekမှာတော့ တချိန်က ဆွဲဆောင်မှု ရှိရှိဝတ်ဆင်ခဲ့သမျှ အခုများတော့ အင်္ကျီတွေဆိုလည်းမတော်.. ဘောင်းဘီတွေဆိုလည်းစိမရ... Skinny Jeanဆိုတာ Park Chanyeolဆိုတဲ့ လူနဲ့ညားကတည်းက ကိုယ်မှာ ကပ်ရတယ်ကိုမရှိဘူး..
ဒီလို ဝ တုတ်ပြဲကွဲလာတဲ့ ခန္ဓာကိုယ်ကို ဆွဲဆောင်မှုမရှိတော့ဘူးဆိုပြီး ကိုကိုတစ်ယောက်ပစ်သွားရင် ဘယ်လိုလုပ်မှာလဲလို့.. အဲ့လူကြီးသူကျ ကြည့်ကောင်းပြီး suitနဲ့ သပ်ရပ်နေအောင်ပြင်တယ်..ငါ့ကျ XXL size shirt အပွကြီးက ဖိုသီဖတ်သီနဲ့ ဘောင်းဘီကလည်း အပွ..Sexyကျခဲ့တဲ့ တင်လုံးလုံးလေးက အဝတ်ကြားပျောက်ကာ ပြားချင်းချင်...
တွေးရင်းနဲ့ မျက်ရည်ဝဲလာပြီ...
"ကိုကို.......ကိုကို......ကိုကိုရေ ခေါ်နေတယ်လို့...."
ဝမ်းခေါင်းသံနဲ့ လင်တော်မောင်ကို ကုန်းအော်ကာ တ မိတော့..
"Baekကလေး ဘာလို့လဲ..ဘာဖြစ်လို့လဲ..ခဏ Baekကလေးရေ..သမီးငယ် Baekheeကို နို့ဘူးတိုက်နေတယ်ရယ်... ခဏခဏ..."
ဘေးခန်းဆီမှ လင်တော်မောင်၏ ဖြေကြားသံကို ကြားလိုက်ရသည်..
"မြန်မြန်လာပါဆို ကိုကို!!!!!!!!!!"
သိပ်မကြာခင်မှာပဲ Byunတို့ အခန်းရှေ့ သမီးငယ် Baekheeကို ချီကာ နို့ဘူးတစ်ဘူးနဲ့ Yeolရောက်လာခဲ့သည်..ခုနက အခန်းထဲက သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ်ထွက်သွားသည့် ByunBaekhyunယောက်ျား Park Chanyeol လူစားများထိုးခံလိုက်ရလေသလား.. Necktie က တရွဲ့တစောင်း..ဂျယ်နဲ့ ပုံသွင်းထားသော ဆံပင်များက သမီးငယ်လက်စွမ်းပြလို့ ဟိုတစ်စုဒီတစ်စု...