"P'arthit"....kong ခေါ်ရင်း နှင့် arthit ရဲ့ အခန်းလေး ဆီကို ဝင်လာခဲ့လိုက်သည်။
Kong က ခုဆိုရင် final ပင် ရောက်ခဲ့ပြီ...
Arthit ကတော့ သူအလုပ်လုပ်နေသော Company မှာ စီနီယာ ပင် ဖြစ်လာခဲ့ပြီလေ....သူတို့ ရဲ့ Relationship က ခိုင်မြဲနေတုန်းပါပဲ...နှစ်ယောက်စလုံး အလုပ်တေ...ကျောင်းစာတေနှင့် မအားလပ်နိုင်ကြပေမဲ့....ညနေ ဘက် အားတဲ့အချိန်နှင့် ပိတ်ရက်တေမှာ....ရသမျှအချိန်ကို နှစ်ယောက်အတူတူ ကုန်ဆုံးလေ့ရှိပါသည်။
အချိန် က နည်းပေမဲ့လဲ... kong အတွက်ကတော့ သူ့ရဲ့ Sun နဲ့ တူတူရှိနေရတဲ့အတွက် အဓိပ္ပါယ် ရှိတဲ့ အချိန်တေလို့ပဲ...
ဒါပေမဲ့ အခုတော့ p'arthit ကို သူ့အခန်းထဲမှာ မတွေ့ရလို့ စိုးရိမ်တဲ့စိတ်တေက ငယ်ထိပ်ရောက်နေပါပြီ(( ခလေးက သေးရှာတော့ ပျောက်မှာပေါ့😂😂))
Kong အခန်းတံခါးခေါက်တုန်းကလဲ... ဘာမှတုံ့ပြန်တဲ့အသံမကြားရ၍ သူ့ဘာသာသူ ဝင်လာခြင်းသာ...
Arthit ရဲ့ အခန်းထဲမှာက အရင်လိုပဲ...စက်ရုပ်ကလေးတေနဲ့ ကာတွန်းစာအုပ်တေ ရှိနေတုန်းပါပဲ...
Kong ရဲ့ မျက်နှာကို အိပ်ရာဘက်ကို လှည့်လိုက်တော့... သူ့ရဲ့ ချစ်ရတဲ့ p'ကို တွေ့ပါပြီ... ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးက တဝက် ဖော်ထားပြီး....အရမ်းကို အိပ်မောကျနေတာပါ....
ကြည့်ပါအုံး ၁၂နာရီကျော်တေပြီလေ...p' က အိပ်မောကျနေတုန်းရယ်...
Kong အတွက်တော့ အံ့သြစရာ မရှိပါဘူး... သူရဲ့ ကောင်လေးက အနဲဆုံးတော့ နောက်နေ့ မနက်လောက်ထိ အိပ်မဲ့သူမျိုးလေ....
သူ တကယ်တော့ p'arthit ကို အိပ်ရာကမနှိုးချင်ဘူး.... p' က သူ့ပိတ်ရက်မှာ မစောကြီးထရရင်...စိတ်တိုပြီး...တွေ့ရာနှင့်ကောက်ပေါက်တတ်၍ပါ...
((လူဆိုး လေးပါ...😘😘))
ဒါပေမဲ့ သူတို့တွေ့ရတဲ့ အချနအ်ကနည်းနည်းလေးမို့ မနှိုးချင်ပေမဲ့ နှိုးရမြေည်။
"P'arthit...ထတော့လေ" kong က သူ့ဘေးကို ဝင်ထိုင်လိုက်ပြီး နှိုးသော်လည်း....arthit ကတော့ စောင်ကို လုံအောင် ပြင်ခြုံကာ တဖက်တောင် လှည့်သွားသေးသည်။ kong လဲ နှိုးနေရင်းနှင့်ပင် ပြုံးမိရသည်။... p' က တကယ့်ကို အခုထိချစ်ဖို့ကောင်းနေတုန်းပဲလေ....
Kong သူ့ရဲ့ p' ကို နှိုးဖို့ နောက်ဆုံးနည်းလမ်းကို ထုတ်သုံးရတော့မည်ပင်....သူပြုံးပြီး....p'arthit ရဲ့ စောင်ကို အောက်ကို ဆွဲချလိုက်သည်။ ပြီးတော့ ချစ်ဖို့ကောင်းလှတဲ့ p' ရဲ့ ပါးဖောင်းဖောင်းေ်လယတေကို ငုံနမ်းလိုက်သည်။ ပြီးတော့ p' ရဲ့ မေးရိုးလေးတေ....ကနေ...လည်ပင်း ကို ဆင်းသွားလိုက်သည်။
နူးညံ့နေတဲ့ p' ရဲ့ အသားလေးကို နမ်းရတာ ချိုမြိန်လှသည်လေ....
Kong က arthit ရဲ့ လည်ပင်းက weakspot ကို နမ်းနေတာမို့လို့ အလိုအလျောက် တွန့်လာရသည်။...သူ့ရဲ့ မျက်လုံးတေပွင့်လာပြီး... သူ့အပေါ်ကနေ ရောက်နေတဲ့ kong ကို ပြုံးပြလိုက်သည်။
Kong- Morning...p'...ဒါမှမဟုတ်...good afternoon လို့ ပြောင်းပြောရမလား....
Arthit - မင်းက ကျောင်းမှာရှိနေရမှာ မဟုတ်ဘူးလား...လို့ kong ရဲ့ နှုတ်ခမ်းလေးတေကို ဆိတ်ပြီး မေးလိုက်သည်။
Kong ကပြန်ပြုံးပြလိုက်ပြီး
Kong- ဒီနေ့ နေ့တဝက်နားရတယ်လေ...p'လဲ ဒီနေ့ နားရတယ်လို့ ဟိုနေ့ကပြောထားတော့...p' ဆီလာပြီး surprise လုပ်တာလေ...
arthit အပြုံးတေကမရပ်တန်းနိုင်တော့ပါ... kong က သူအားတဲ့အချိန်ဆို...pink milk ဝယ်ပြီး arthit ရှိတဲ့ဆီကို လာပြီး surpriseလုပ်နေကြပါ။
Kong- p'...ဒီနေ့ဘာလုပ်ချင်လဲ...Siam မှာဈေးဝယ်ထွက်မလား...
Arthit စိတ်ထဲတွေးလိုက်မိသည်။ သူတို့ နှစ်ယောက် date လုပ်တိုင်း အပြင်ထွက်နေကြသည်။...ဒီတခါတော့ အပြောင်းအလဲလေး...လုပ်ကြည့်ချင်မိသည်။
ရုတ်တရက် သူ့ရဲ့ pink milk ကို သတိရသွားသည်။
Arthit ရဲ့ အတွေးတေကို သိနေတဲ့ kong က "ကျွန်တော် လာတဲ့လမ်းမှာ ရပ်ပြီး ဝယ်ခဲ့ပါတယ်...ဒီရောက်တော့မှ မရှိတော့တာ...p' အိပ်နေလို့လေ..."
Arthit- ဘာလို့ ငါအိပ်နေတာနဲ့ မရှိတော့တာလဲ...
Kong- p' သိပါတယ်...p' ကို အိပ်ရာကနှိုးရင် p' က တွေ့ရာနဲ့ကောက်ပေါက်နေကြလေ...အဲ့ဒါကြောင့်ပေါ့...
Kong က arthit ကို စလိုက်တော့...arthit က သူ့ခေါင်းအုံးနဲ့ kong ကို ရိုက်လိုက်ကာ...နှုတ်ခမ်းစူလိုက်ပြီ
Arthit- မင်းဘာလို့ စီနီယာကို စနေရတာလဲ....
Kong က arthit ကို ညစ်ကြယ်ကြယ်ပြုံးပြလိုက်ပြီး
Kong- ဘာလို့လဲ သိချင်လား...ဘာလို့လဲဆိုတော့လေ...p' ရဲ့ ရှက်နေတာလေးနဲ့ နှုတ်ခမ်းစူနေတာလေးကို သဘောကျလို့ အဲ့ဒါတေကဘချသ်စရာကောင်းတယ်...ပြီးတော့ သဘောအကျဆုံးက ဘာလဲသိလား...
P'ရဲ့ ရှိုက်ပြီး ညည်းတဲ့အသံလေးကို ကြားရတာကိုလေ....((😱😱🙈🙈🙈))
YOU ARE READING
လှပတဲ ညနေခင်း👦❤👦
Fanfictionkong❤arthit short fanfic it's has three part then.. we will feel that romance & sweet...