baekhyun pov:
စကြာဝဋ္ဌာကြီးထဲမှာ ကြယ်မှုန်ကြယ်မွှားလေးတွေတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့ ကြယ်တံခွန်ဆီ ချစ်ခြင်းတွေနဲ့ ခယကြတယ်။
အမှန်တကယ် အဲလိုဖြစ်ရပ်မျိုးက အရမ်းနာကျင်ရပါတယ်။
ကြယ်တံခွန်ကြီးနားမှာ ကြယ်မှုန်ပေါင်းများစွာရှိလို့ ကြယ်တံခွန်ကြီးက သတိထားမိမှာမဟုတ်ဘူး။ကျတော်က seoul international universityက နောက်ဆုံးနှစ် Art majorကျောင်းသားတယောက်ပါ။ နွေရာသီအားလပ်ရပ်အတွက် အချိန်ပိုင်းအလုပ်ရှာရင်း အချစ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမယ်လို့ ဘယ်သူထင်မှာလဲ။ ပိုဆိုးတာက ကျတော့ နှလုံးသားကို အပိုင်သိမ်းယူသွားတဲ့သူက ယောက်ျားတစ်ယောက်ဖြစ်နေတယ်ဆိုတာ ......
သူက Hanlim universityကနေ ရုပ်ရှင်ဂီတမေဂျာနဲ့ ဘွဲ့ရပြီး ၃နှစ်အတွင်း အရမ်းနာမည်ကြီးလာတဲ့ ရုပ်ရှင်သရုပ်ဆောင်....
အကြည့်တချက်လေးနဲ့တင် ခန္ဓာကိုယ်တခုလုံး တုန်ယင်ပြီး သူ့အထိအတွေ့ကို လိုချင်ယစ်မူးသွားအောင် ဆွဲဆောင်နိုင်သူရယ်။ကျတော်သူ့ကို ပထမဆုံးတွေ့တဲ့အချိန်က အသံသွင်းခန်းမှာ ...
အခုနှစ်ကာလတွေမှာ သရုပ်ဆောင်တွေတော်တော်များများက သရုပ်ဆောင်လုပ်ရင်း သချင်းလည်းဆိုလာကြတယ်။ သူတို့ရဲ့ ဝင်ငွေတွေ ဘယ်လောက်ရှိလဲ ? ရုပ်ရှင်တကား သချင်းတပုဒ်ကို ကြေးဘယ်လောက်ရလဲ? no one will know ...ကျတော်ကတော့ အခန်းထဲမှာ ထိုင်ပြီး လျှောက်ထားခဲ့တဲ့ အလုပ်တွေက replyလုပ်မဲ့ emailကို ထိုင်စောင့်ရင်း အချိန်ဖြုန်းနေဆဲ။ အဲဒီအချိန် ဦးလေးဖြစ်သူက အခန်းထဲဝင်လာပြီး လူငယ်တယောက်အနေနဲ့ ဒါ့အပြင် မကြာခင် ဘွဲ့ရတော့မယ့် လူငယ်တယောက်အနေနဲ့ တကယ့်လက်တွေ့လောကကြီးဆိုတာကို အနည်းငယ်မြည်းစမ်းကြည့်သင့်တယ်
ဘဝတခုမှာ လှုပ်ရှားရုန်းကန်ရင်း ဘဝတန်ဖိုးကို ရှာသင့်တယ်ဆိုရင်း သူ့ရဲ့ လုပ်ငန်းခွင်ကို နွေရာသီအချိန်ပိုင်းအလုပ်ပေးဖို့ ခေါ်လာခဲ့တယ်။
YOU ARE READING
Romance(ဆက်မရေးသေးပါ)
Fanfictionchanyeol - upcoming popular male actorတယောက်။ အောင်မြင်မှု ကျော်ကြားမှုတွေ တနေ့တခြား ရရှိလာသူ။ တနေ့ ရုပ်ရှင်ပွဲတော်အတွက် ထူးထူးခြားခြား ဇာတ်ကားတကားရိုက်ဖို့လက်ခံခဲ့တယ်။ အဲဒီဇာတ်ကားက homosexual themeဆိုတော့ သူ့အတွက် အခက်အခဲဖြေရှ...