Chapter 1

387 25 3
                                    

baekhyun pov:
စကြာဝဋ္ဌာကြီးထဲမှာ ကြယ်​မှုန်​ကြယ်​မွှား​လေး​တွေ​တောင်​ မျက်​စိကျိန်း​လောက်​​အောင်​​တောက်​ပတဲ့ ကြယ်​တံခွန်​ဆီ ချစ်​ခြင်း​တွေနဲ့ ခယကြတယ်​။
အမှန်​တကယ်​ အဲလိုဖြစ်​ရပ်​မျိုးက အရမ်းနာကျင်​ရပါတယ်​။
ကြယ်​တံခွန်​ကြီးနားမှာ ကြယ်​မှုန်​​ပေါင်းများစွာရှိလို့ ကြယ်​တံခွန်​ကြီးက သတိထားမိမှာမဟုတ်​ဘူး။

ကျ​တော်​က seoul international universityက ​နောက်​ဆုံးနှစ်​ Art major​ကျောင်းသားတ​ယောက်​ပါ။ ​နွေရာသီအားလပ်​ရပ်​အတွက်​ အချိန်​ပိုင်းအလုပ်​ရှာရင်း အချစ်​ဆိုတာကို နဖူး​တွေ့ဒူး​တွေ့ ရင်​ဆိုင်​ရမယ်​လို့ ဘယ်​သူထင်​မှာလဲ။ ပိုဆိုးတာက ကျ​တော့ နှလုံးသားကို အပိုင်​သိမ်းယူသွားတဲ့သူက ​ယောက်ျားတစ်​​ယောက်​​ဖြစ်​​နေတယ်​ဆိုတာ ......

သူက Hanlim universityက​နေ ရုပ်​ရှင်​ဂီတ​မေဂျာနဲ့ ဘွဲ့ရပြီး ၃နှစ်​အတွင်း အရမ်းနာမည်​ကြီးလာတဲ့ ရုပ်​ရှင်​သရုပ်​​ဆောင်​....
အကြည့်​တချက်​​လေးနဲ့တင်​ ခန္ဓာကိုယ်​တခုလုံး တုန်​ယင်​ပြီး သူ့အထိအ​တွေ့ကို လိုချင်​ယစ်​မူးသွား​အောင်​ ဆွဲ​ဆောင်​နိုင်​သူရယ်​။

ကျ​တော်​သူ့ကို ပထမဆုံး​တွေ့တဲ့အချိန်​က အသံသွင်းခန်းမှာ ...
အခုနှစ်​ကာလ​တွေမှာ သရုပ်​​ဆောင်​​တွေ​တော်​​တော်​များများက သရုပ်​​ဆောင်​လုပ်​ရင်း သချင်းလည်းဆိုလာကြတယ်​။ သူတို့ရဲ့ ဝင်​​ငွေ​တွေ ဘယ်​​လောက်​ရှိလဲ ? ရုပ်​ရှင်​တကား သချင်းတပုဒ်​ကို ​ကြေးဘယ်​​လောက်​ရလဲ? no one will know ...

ကျ​တော်​က​တော့ အခန်းထဲမှာ ထိုင်​ပြီး ​လျှောက်​ထားခဲ့တဲ့ အလုပ်​​တွေက replyလုပ်​မဲ့ emailကို ထိုင်​​စောင့်​ရင်း အချိန်​ဖြုန်း​နေဆဲ။ အဲဒီအချိန်​ ဦး​လေးဖြစ်​သူက အခန်းထဲဝင်​လာပြီး လူငယ်​တ​ယောက်​အ​နေနဲ့ ဒါ့အပြင်​ မကြာခင်​ ဘွဲ့ရ​တော့မယ့်​ လူငယ်​တ​ယောက်​အ​နေ​နဲ့ တကယ့်​လက်​​တွေ့​လောကကြီးဆိုတာကို အနည်းငယ်​မြည်းစမ်းကြည့်​သင့်​တယ်
ဘဝတခုမှာ လှုပ်​ရှားရုန်းကန်​ရင်း ဘဝတန်​ဖိုးကို ရှာသင့်​တယ်​ဆိုရင်း သူ့ရဲ့ လုပ်​ငန်းခွင်​ကို ​နွေရာသီအချိန်​ပိုင်းအလုပ်​​ပေးဖို့ ​​ခေါ်လာခဲ့တယ်​။

Romance(ဆက်​မ​ရေး​သေးပါ)Where stories live. Discover now