#ကျွန်တော်တို့ Day_1.1#( 6th May 2017 )
" အင်းးးးး.... "
Gxxod မျက်လုံး မဖွင့်သေးပဲ ပျင်းကြောလေးဆွဲ လက်တဖက်ကလဲ ဖုန်းကို ဟိုဘက်စမ်းရှာ ဒီဘက်စမ်းရှာနဲ့ ရှာနေတာ တော်တော်ကြာမှ ခြေရင်းနားမှာ စမ်းမိသည်။
နာရီကြည့်လိုက်တော့ ၈ခွဲ... ဖုန်းကိုင်လိုက်တာနဲ့ ညက hotel ကတ်ပြားပေါ်က wifi လေးချိတ်လိုက်ပြီးရုံရှိသေး...
Line မှ noti သံပေါင်းများစွာ... IG... Twitter ..SNS အကုန်လုံးက Msgပေါင်းစုံအဆက်မပြတ် ဝင်လာသည်။ စက်တောင် ဟန်းနိုင်တယ်။ ၃ မိနစ်လောက်ကြာမှ အသံငြိမ်သွားတော့တယ်။
အဲ့ထဲကမှ Manager'Milamia ဆီကဟာကို အရင်ဖတ် လိုက်မိသည်။
( Gxxod ဘယ်ရောက်နေပီတုန်း...ငါမပါပဲ တခါလောက်လွတ်လိုက်မိပါတယ်... ဖုန်းခေါ်ဖို့ မပြောနဲ့ စာတောင် မလာဘူး... ငါမနက်ဖြန် လိုက်ခဲ့မယ် )
အောင်မလေး မဖြစ်ဘူး..
( ကျွန်တော် ပင်ပန်းနေလို့ပါ... အကုန်အဆင်ပြေတယ်... စိတ်ချ... )
စာပြန်လိုက်တာ ချက်ချင်း seen ဖြစ်သွားပြီး
( သေချာလို့လား )
( အော် ဟုတ်ပါဆို... လာထဲက သတင်းပိတ်ပြီး လာတာ... ဘာဖြစ်ရမှာလဲ... စိတ်မပူနဲ့ ... )
( အေးနော်... သွားတုန်းက ပေးထားတဲ့ ကတိနော်...)
( krup krup... bye ❤❤❤❤)
❤လေးတွေ လိုတာထကပိုရိုက်ပေးလိုက်တယ်
တကယ်တည်း Bangkok က CEO က လွန်ခဲ့တဲ့နှစ် ကျွန်တော် နာမယ်ရစ ပြုလာကတည်းက P'Milamia နဲ့ ဘယ်သွားသွား ဘယ်လာလာ အတူတူသာ အလုပ်လုပ်ခွင့်ပေးထားသည်။ ကျွန်တော် စတက်တုန်းကလဲ မနာလိုသူတွေရဲ့ဖော်ကောင် လုပ်မှုကြောင့် အတိတ်က ပြသာနာတွေ အနည်းငယ် ရှိခဲ့တော့ CEO က တခုခုဆို အမှားအယွင်းဖြစ်မှာ အရမ်းကြောက်တယ်။ ခုဒီမလာခင်တုန်းက CEO က ဗီယမ်နမ်ကို အလုပ်ကိစ္စသွားတာအခွင့်ကောင်းယူပြီး P' ကိုကပ်ချွဲ ၄ ရက်လောက်စောလာပြီး အနားယူပါရစေ အနားမယူရရင် မနက်ဖြန် သဘက်ခါ သေတော့မဲ့ပုံစံမျိုးချိုးမှ Milamia က ခွင့်မပြုချင် ပြုချင်နဲ့သဘောတူခဲ့တယ်။ ဒီဘက်က manager တွေနဲ့ဘယ်သွားသွား အတူတူရှိ နေပါမယ် ဆိုပြီးကတိပေးပြီး ခုဒီရောက်တော့ P'Two ကိုပါ ထက်ချွဲ။ 😉
YOU ARE READING
Just Memory ?
Romanceပေးခဲ့တဲ့ ကတိတွေအတွက် ရန်ကုန်ကို တဖန် ခြေပြန်ချခဲ့ ပေမဲ့__________ Gxxod အတိတ်က ကတိတွေအတွက် ပစ္စုပန်ကို ယူမလာပါနဲ့တော့လေ_______ Bas