ကိုက်ခဲမှုပေါင်းများစွာဖြင့်နိုးထရသောမနက်ခင်းသည် သက်တောင့်သက်သာမရှိ.. ပိုဆိုးသည်က လက်ရှိတည်နေရာကိုဝေ့ဝိုက်ကြည့်မိသောအခါသူများပိုင်နက်ဖြစ်နေသည်က ပိုစိတ်မသက်သာစေသည် ...
မသောက်ပဲမူးရသည်ကဤမနက်ခင်းမျိူး ...
ရှေ့တည့်တည့်တွင် ရုပ်တုတစ်ခုနှယ် လက်ပိုက်ကာစေ့စေ့ကြည့်နေသော Chanyeol ၏ရှုမငြီးသောညီလေးကိုတွေ့သောအခါ မည်သို့သောအခြေအနေမျိုးများဖြစ်ခဲ့သည်ကိုတွေးမရတော့ ...
" Se... ဘာလဲ ... Se Oh ? "
" နိုးရင်သွားတော့ ... "
" နေ...နေဦး ..ညက ငါ့ကိုခေါ်လာတာ ..မင်းလား .. "
" မသိဘူးလေ "
အပြောင်းအလဲမရှိသော မျက်နှာသေ တစ်ခုကလိုချင်သောတုန့်ပြန်မှုမျိုးကိုမပေး ..
" Chanyeol များလား ....Chanyeol ရော ? ဒါ Chanyeol နေတဲ့နေရာလည်းမဟုတ်ပါဘူး..သူနေတာက..."
" မင်းကသူ့ညီသာဆိုတယ် ကွဲပြားလွန်းတယ်နော် ဘယ်လိုပဲအဖေမတူပေမယ့် .."
ဖျက်ခနဲ နှုတ်ခမ်းစိုစိုတစ်ခုက baekhyun နှုတ်ခမ်းသားကိုစုတ်ယူလိုက်သောအခါ baekhyun ၏တဖက်သတ်စကားဆိုခန်းတိတ်ဆိတ်ငြ်ိမ်ကျသွားသည် ..
" မင်း ....... "
" ပြန်တော့ခင်ဗျား ..... ညကအဖြစ်အပျက်ကိုဘယ်တုန်းကမှမဖြစ်ခဲ့ဘူးလို့မှတ်နေလိုက် .. "
လှည့်ထွက်သွားသော သူ့ပုံရိပ်ကိုကြည့်ရင်းဒေါသထွက်ရမလိုလွမ်းဆွေးရမလို ... အဘယ်ကြောင့်ဆို လှမ်းမြင်ရသောကျောပြင်ကျယ်တွင် " ခက်ထန်သောအထီးကျန်လူသား" ဟူသောဝေါဟာရကိုမြင်မိသယောင် ဖြစ်ကျန်ခဲ့သောကြောင့် ..
ချောင်ကျလွန်းသောအရပ်ဖြစ်၍ လမ်းမဘက်ရောက်အောင်မနည်းထွက်လာရသည် ...
ကံကောင်း၍ဘောင်းဘီအိတ်ထဲနှိုက်သောအခါ Won တော်တော်များများတွေ့သည် ...