Final

1.8K 184 12
                                    

ကိုကို့အပြုံးတွေကို အချစ်ဆုံးဟု ကျွန်တော် ပြောခဲ့ဖူးသည်။

နောက်ထပ် ကျွန်တော် အချစ်ဆုံးတစ်ခုရှိသေးသည်။ ဘာလဲဆိုတော့ ကိုကို့ပုခုံးတွေပင် ဖြစ်သည်။

ကိုကို့ရဲ့ ပုခုံးကျယ်ကျယ် ကျောပြင်ကျယ်ကျယ်ကို ကျွန်တော် တကယ်ကို သဘောကျသည်။

❀ ❀ ❀

ကျွန်တော့်ရှေ့က ကြမ်းပြင်ပေါ်မှာ ထိုင်ကာ ကျကျနနgameထိုင်ဆော့နေတဲ့ Oh Sehun ဆိုသူကို ကျွန်တော် ဆိုဖာပေါ်က ထိုင်ကြည့်နေမိသည်။

ပြောလို့ပြောတာ မဟုတ်..... ကျွန်တော့်ကိုကိုက တော်တော်ချောသည်။ မျက်နှာ ဖြူဖြူနုနုလေးကို မတိုမရှည်အနက်ရောင် ဆံပင်များက အုပ်ထားသည်။ မျက်လုံးလှလှ နှုတ်ခမ်းလှလှလေးကလဲ ရှိသေးသည်။ ဒါတင်ပဲလားဆို ကျယ်လွန်းတဲ့ ပုခုံးရယ် ကျောပြင်ရယ်နှင့် ယောင်္ကျားတွေ အားကျလောက်သည့် ခန္ဓာကိုယ်​ကလဲ ရှိသေးသည်။ ကိုကိုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပင် ဖြစ်သည်။

"ကိုကို..."

Gameပြီးသွား၍ earphoneကို ချွတ်လိုက်တဲ့ ချစ်သူကို ကျွန်တော် ခေါ်လိုက်တော့

"ဗျာ......"

"ကိုကို......"

သူပြန်မထူးနိုင်ခင် သူ့ပုခုံးကို ကျွန်တော် အားရပါးရကုန်းပြီး ကိုက်ပစ်လိုက်သည်။

"အား........"

Gymဆော့ထားသော ကိုကို့ပုခုံးကြွက်သားများကြောင့် ကိုက်ရတာ ပိုပြီး အားရပါးရရှိလှသည်။

"ဘာလို့ကိုက်တာလဲ မမေးတော့ဘူးလား......"

ကိုက်လိုက်ရလို့ ကျေနပ်နေတဲ့ ကျွန်တော့်ကို ကိုကိုက.....

"ချစ်လို့ လို့ပဲ ပြောမှာမလား...... ဟမ်....."

"ဟုတ်တယ်......"

"လာခဲ့စမ်း...... ချစ်လို့ကိုက်တဲ့ ဟာလေး...... တွေ့မယ်"

ပြောပြောဆိုဆိုနဲ့ ဆိုဖာပေါ်ထိုင်နေတဲ့ ကျွန်တော့်ကို ကလိထိုးလာခဲ့သည်။

"အား....... မလုပ်နဲ့.... ကိုကို!..... ယားတယ်...... ယားတယ်လို့.....ကိုကို.....!"

His Shoulder Where stories live. Discover now