Part (1)

1.4K 91 7
                                    

Tiffany  POV

ထောင်ထဲမှာနေရတဲ့ ၁ နှစ်က ကျွန်မငရဲကျနေသလိုဘဲ သူများတွေနှိပ်စက် အနိုင်ကျင့်လို့မဟုတ်ပါဘူး။ ထောင်ထဲကလူတွေလို အလုပ်ကြမ်းလည်း လုပ်စရာမလိုဘူး။ထောင်အခန်းကလည်းသူများတွေနဲ့ တူတူနေရတာမဟုတ်ဘူး။ Fany ကို အခန်းသက်သက်ထားပေးထားတယ်။ အခန်းကလည်းထောင်ရောက်နေတယ်လို့တောင်မတူဘူး။ Hotel ခန်းလားတောင် မှားရတဲ့အထိ။ ဒါပေမဲ့ ဒီလူနေရတာ ဒီထောင်ထဲကလူတွေတွက်တော့ အရမ်းမိုက်မှာပေါ့။ Fany အတွက်တော့ အဲ့လိုမဟုတ်ဘူး။ Fany နေရတာ စိတ်ကျဉ်းကျပ်လွန်းတယ်။ ထောင်သားတွေရဲ့ အပြောတွေလည်းစိတ်ပျက်တယ်။ သူတို့အမြဲ Fany အကြောင်းပြောနေကြတာ။ Fany ကိုယ့်နားကိုယ်တောင်ပိတ်ထားချင်မိတဲ့အထိ။ အားကျလို့ပြောတဲ့သူနဲ့ မနာလိုလို့ပြောကြတဲ့ သူနဲ့ တကယ်စိတ်ပျက်မိတယ်။

Tiffany ဆိုတဲ့ ကျွန်မက လွတ်လပ်တာကြိုက်တဲ့သူပါ။ သူများတွေပါးစပ်ဖျားမှာ Fany နာမည်ကို တဖွဖွပြောနေတာမုန်းတယ်။ ချုပ်ချယ်တာမုန်းတယ်။
Fany စိတ်က ပုံမှန်မဟုတ်ပါဘူး။

တစ်ခါတလေ စိတ်ပုပ်လွန်းတယ်
တစ်ခါတလေ ချွဲလွန်းတယ်
တစ်ခါတလေ နူးညံ့လွန်းတယ်
တစ်ခါတလေ ကြမ်းတမ်းလွန်းတယ်
တစ်ခါတလေ သူများမခံနိုင်လောက်အောင်ရစ်လွန်းတယ်
တစ်ခါတလေ သဘောကောင်းလွန်းတယ်
တစ်ခါတလေ တည်တည်တံ့တံ့ဘဲနေတယ်
တစ်ခါတလေ ဟန်ဆောင်မှုမရှိဘဲ ရယ်ပြုံးပြီးဘဲနေတယ်

Fany ကလေ အကျင့်မျိုးစုံပိုင်ဆိုင်ထားတာပါ။ ပြီးတေည့ Fany လူတွေရှေ့မှာဆို ခံနိုင်ရည်ရှိတဲ့လူ၊ ကြံခိုင်တဲ့သူပုံစံနဲ့ အမြဲနေပေမဲ့ အမှန်တော့ Fany က ဝမ်းနည်းလွယ်တဲ့တယ်။ Fany ထုတ်မပြဘူးဆိုတာ အားနည်းချက်တစ်ခုဖြစ်သွားမှာစိုးလို့။ Fany ရဲ့ အားနည်းဆုံးအားနည်းချက်က သနားတက်တာရယ် ချစ်တတ်တာရယ်ပေါ့။
အဲ့ဒါကိုလူတွေမသိပါဘူး။ လူတွေလည်းအပေါ်ယံဘဲမြင်ကြတာကို သူများစိတ်ကိုတော့ ဘယ်ဖတ်နိုင်မလဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကံကြမ္မာကမတရားဘူး။

Fany လေ Fany ဘဝမှာ မိုက်ရူးရဲဆန်ဖူးတာဆိုလို့ တစ်ခါဘဲရှိခဲ့တာပါ။ အဲ့ဒါသူ့ကြောင့်လေ သူ့ကိုချစ်ခဲ့လို့ တစ်ခါဘဲရူးသွပ်ခဲ့မိတာပါ။ ဒါပေမဲ့ အဲ့အပြစ်ကြောင့်လား ဘာလို့လဲ ကိုယ့်မသတ်တဲ့ သူအတွက်ဘာကြောင့်ထောင်ကျရတာလဲ။ ဒီထောင်ကျနေတဲ့ ၁ နှစ်လုံး Fany အဖြေရှာခဲ့ပေမဲ့ အဖြေရှာမတွေ့ခဲ့ဘူး။

All My Love Is For You 💗💗Where stories live. Discover now