part 2

985 104 8
                                    

Fany ဆုံးဖြတ်ချက်ကြောင့် Bo Young စိတ်ပျက်သွားပေမဲ့ Hyun Suk မှာတော့ မျက်နှာမှာအပြုံးတစ်ပွင့်သိသိတာတာပေါ်သွားသည်။

"ကောင်းပြီ မနက်ဖြန်ကစကျောင်းပြန်တက်ရမယ်"

"မနက်ဖြန်?"

"ဟုတ်တယ် မနက်ဖြန်"

"Omma! ဒါက..."

"ဘာမှထပ်မကြားချင်ဘူး ဒီနေ့ ထမင်းဝိုင်းကဒီလောက်ဘဲ"

"Omma...!!"

Bo Young သည် Jennie စကားကို မကြားချင်ယောင်ဆောင်ပြီးထမင်းဝိုင်းကထွက်သွားသည်။

"သမီး ဘာမှမဖြစ်ပါနဲ့။ ဒါကအဆိုးထဲက အကောင်းပေါ့။
နောက်လည်းတက်ရမှာဘဲ အခုထဲကပြင်ဆင်ထားလိုက်နော် "

Hyun Suk လည်းသူပြောချင်ရာပြောပြီး ထသွားသည်။

"Hahaha...!!!!!!"

သူတစ်ယောက်ပဲကျန်ခဲ့သည့် ထမင်းစားခန်းထဲမှာ ခြောက်ကပ်ကပ် သူ့ရဲ့ ရယ်သံ။ Fany ငိုမိမှာဆိုးလို့ ကြိတ်မှိတ်ပြီး ရယ်ချလိုက်ပေမဲ့ ရယ်သံတွေနဲ့အတူ မျက်ရည်တွေစီးကျလာတယ်။ ထို့ကြောင့်Fany သူ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။

"Shit ငါ ဘာလို့ဒီလောက်တောင်မျက်ရည်လွယ်ရတာလဲ"

Fany လည်း ဆက်မစားချင်တော့တာကြောင့် သူ့အခန်းဆီ ပြန်သွားလိုက်တယ်။

...

Next Day

ကျောင်းမှာလည်း Fany သူတို့ကျောင်းကိုလာမယ်ဆိုလို့ ဒေါသထွက်တဲ့သူက ထွက်၊ ကြောက်တဲ့သူကကြောက်၊ မကျေနပ်တဲ့သူကမကျေနပ်နဲ့ Fany အကြောင်း တစ်ကျောင်းလုံးပွနေသည်။ အဲ့ကျောင်းက ဆရာ/ဆရာမတွေက အစ Fany ကိုလက်မခံချင်ပေမဲ့ Fany Appa ကြောင့် လက်ခံပေးခဲ့ရတယ် ။ ပိုက်ဆံရှိရင် အရာရာဖြစ်တယ်မလား။

Fany ပြိုင်ကား ပန်းရောင်လေးကိုစီးပြီး ကျောင်းကိုလာလိုက်သည်။ ကားထဲမှာလဲ သီချင်းကိုအဆုံးထိကျယ်ပြီးမောင်းလာသည်။ Fany ကျောင်းထဲကို သူ့ကားဝင်လာတာနဲ့ ကျောင်းထဲက လူတွေအားလုံးရဲ့အကြည့်က သူ့စီရောက်လာသည်။ Fany ရင်ထဲတင်းကျပ်သွားသည်။ စိတ်ရှုပ်သွားသည်။

"အခုထိလွတ်လပ်မှုဆိုတာ ငါမှာမရှိသေးပါလား"

Fany ခပ်တိုးတိုးပြောရင်း ကားပေါ်က ဆင်းဖို့လုပ်တော့သူ့ကိုလူတွေဝိုင်းကြည့်နေတာက သူ့အတွက် စိတ်ကျည်းကျပ်စေတယ်။ သူ့အတွက်မလွတ်လပ်သလိုပဲလေ။ အဲ့ဒါကြောင့် ကားပေါ်ကဆင်းခါနီး ဖုန်းကသီချင်းဖွင့်လိုက်ပြီး နားတွက် Earphone တပ်လိုက်ကာ ကားတံခါးဖွင့်လိုက်သည်။ လွယ်အိတ်ကိုလည်း တစ်ဖက်ဘဲလွယ်လိုက်ကာ ကားပေါ်ကဆင်းလာလိုက်သည်။

All My Love Is For You 💗💗Where stories live. Discover now