မနက်ခင်း မိန်းကလေးတွေ ထမင်းဟင်းထချက်ထားကြတော့ ဦးငယ်တို့အိမ်မသွားတော့
မနေ့မနက်ကဝတ်တဲ့ ဝတ်စုံကို ပြန်ဝတ်ထားကာ
ရေနွေးကြမ်းသောက်နေသည်ဟိုငေးသည်ငေးနှင့် အခန်းထဲမှ
ထွက်လာသော
ယွန်းအားငေးကြည့်မိသည်မှာ
အတော်တော့ကြာသွားသည်သူမကတော့ရှက်သလိုလို ပျော်သလိုလိုနှင့်
ဘေးက သီဟ ပခုံးကို တို့ကာလှုပ်ယမ်းပေးမှသတိဝင်လာကာ အရှက်ပြေချောင်းတစ်ချက်ဟန့်လိုက်သည်
ယွန်း က မြန်မာဝတ်စုံလေးနဲ့ဆံပင်ကိုထုံးထားပြီး
ပါးပေါ်မှာပါးကွက်ညီညီလေးနှစ်ဖက်
ဆွယ်တာလေးပိုထပ်ထားကာရိုးရိုးလေးနှင့်
အလွန်ကြည့်လို့ကောင်းနေသည်ထိုသို့ဝတ်လိုက်မှ သခင် ယွန်းကိုအလွန်ငေးတော့သည်
စုလဲ့ပြောတာမှန်သည်စုလဲ့ပြောသည်က
"ခေတ်ကမြန်မာရိုးရာဝတ်စုံတွေဆိုအရမ်းသဘောကျတယ်ယွန်းရဲ့ သူကဝတ်သာမတာ
မဝတ်ဆို သူကပေါ့ပေါ့ပါးပါးဘဲဝတ်တတ်လို့လေ ဘုရားသွားမှ ချိတ်ထဘီနဲ့ ငါ့အထင်ခေတ်က မသျှားကိုချစ်တယ်ဆိုတာကလည်း သူကမြန်မာတော်တော်ဆန်လို့စွဲပြီး ချစ်တာဘဲဖစ်လိမ့်မယ်
ယွန်းစမ်းကြည့်ရင်စမ်းကြည့်လေ""ဟိတ် ဘာတွေတွေးနေတာလဲ"
ဝရန်တာနားထိုင်နေကာတွေးနေတုန်းပခုံးကိုပုတ်ကာ
ယွန်းဘေးနားလာထိုင်တဲ့ သီရိကလာထိုင်နေသည်"ဘာမှမတွေးပါဘူး သီရိရဲ့"
သွားစိကာရီပြပြီးဖြေတော့
သူမက"ဒါဆိုလည်း ထမင်းစားကြရအောင်လေ လာ "
ထမင်းစားနေတုန်း ငေးနေသော
သခင့်ကြောင့်ကိုယ့်မှာဘာစားရမလဲတောင်မသိတော့
အရင်က ရည်းစားတွေကြည့်လိုက်ငေးလိုက်လုပ်ရင်တောင် ကိုယ်ကတည်တည်ငြိမ်ငြိမ်သာ အခုမှ
ရင်ထဲကဆုန်ပေါက်သလို
YOU ARE READING
သခင် (Completed)
Romanceသခင်သည် ယွန်းဘဝဖြစ်သည် ယွန်း၏ဖြစ်တည်မှုအားလုံးသခင်သာပိုင်သည် သခင်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေယွန်းသခင့်အားအသက်ထက်ပင်ချစ်သည် ခေတ်သခင် ယွန်းဝတီခင် နော်သျှားလဲ့ခင်