တစ်ယောက်ထဲဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီး
Taeyeon TV ကြည့်နေသည်.
သို့သော် သူမစိတ်တွေက TV ဆီမှာမရောက်ပဲ
လှမ်းမြင်နေရတဲ့ မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေတဲ့
သူမအမေနဲ့ Fany ဆီပဲရောက်နေသည်.
Fany ကိုပဲ သူမ ခဏခဏလှမ်းကြည့်နေမိသည်.
မျက်မှန်အထူကြီးကိုပင့်လိုက် ommaပြောသလိုလေးလိုက်လုပ်လိုက်နှင့်
မုန့်လုပ်တာကိုစိတ်ဝင်စားနေတဲ့ ထိုကောင်မလေးပုံစံက
အကြည့်လွှဲလိုက်ရင်တောင် သူမအာရုံထဲကမထွက်..
စာဂျပိုး ရုပ်မချောလို့ မြင်တဲ့သူတိုင်းကစိတ်မဝင်စားပဲ
သိပ်ပြီးအရေးမစိုက်ကြတဲ့ သူ့ကို
Taeyeonကတော့ ရင်ခုန်မိနေသည်.
ပိုပြီးအရှင်းဆုံးပြောရလျှင် ချစ်မိနေသည်.
Fany က Taeyeon ဘဝမှာ အချစ်ရဆုံးနဲ့အချစ်ဦးဖြစ်သည်.
သို့ပေမယ့် ထိုအရာတွေကို Fany သိအောင်မပြ.ဘာကြောင့်ဆို တစ်ချိန်က သူမ Fany ကို
သူမရဲ့အချစ်တွေဖွင့်ဟပြောဆိုဖို့ကြိုးစားခဲ့တုန်းက
မပြောရသေးခင်မှာပင်ရူံးနိမ့်ခဲ့ရသည်လေ.သူမကိုယ်သူမ Fany ကိုချစ်မိနေမှန်းကိုယ့်ကိုယ်သတိထားမိတော့
အတော်လေးအံ့သြမိသည်.
အဲ့လို မလှပတဲ့ရုပ်ကြီးကို သူ့လို queen ကချစ်မိတာ
တကယ်ကောဟုတ်ရဲ့လားလို့😁😝Fany မှာလဲချစ်သူမရှိတော့ သူမစိတ်သက်သာရာရပြီး
ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့သည်.
ပြန်ရလာမယ့်အဖြေကဘာပဲဖြစ်နေ သူမသူ့ကိုဖွင့်ပြောမည်.
ချက်ချင်းလက်မခံနိုင်သေးရင်တောင်မှ သူမသူ့အနားမှာနေရင်း
လက်ခံနိုင်မယ့်နေ့အထိစောင့်မည်.သို့သော် . . တွေးထားသမျှအရာအားလုံး
Fany ရဲ့စကားလုံးများက တားဆီးရိုက်ချိုးပစ်ခဲ့သည်.ထိုနေ့က . . နေသာပြီး အားလပ်ရက်ဖြစ်သည်.
သူမ ရေချိုးပြီးဖြီးလိမ်း တစ်ကိုယ်လုံးသေချာပြင်ဆင်ပြီး
Fany ရှိနေလောက်မယ့် church ကိုသွားလိုက်သည်.
ထင်တဲ့အတိုင်းပင် အဖြုရောင်ဂါဝန်လေးနဲ့ခုံတန်းပေါ်ထိုင်နေတဲ့
Fany ကိုမြင်တော့ Taeyeon ပြုံးပြီး သွားကာ
Fany ဘေးမှာထိုင်လိုက်သည်.
မျက်လုံးလေးမှိတ်ပြီး လက်ကလေးဆုပ်ထားကာ
ငြိမ်နေတဲ့ Fany ကို ပြုံးကာကြည့်နေမိသည်.