တကယ်လို့များ စာဖတ်သူကိုသာ ခေါ်နိုင်မယ်ဆိုရင် ကျွန်မ အခန်းလေးကိုသိပ်ပြချင်တာပဲ
ကျွန်မအခန်းလေးကမေမေ့မျက်လုံးထဲ မှာရှုပ်ချင်ရှုပ်နေမယ်
ကိုကို့က အရူးဆိုပြီးပြောချငိပြောမယ်
ဖေဖေက ဘာတွေတုန်းလို့ မေးချင်မေးနေလိမ့်မယ်
သေချာပြန်တွေးကြည့်ရင် ကျွန်မအခန်းက သိပ်ကို နှစ်လိုဖွယ်ကောင်းတာ ကျွန်မလို ၁၄နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အတွကိပေါ့ ..
ကျွန်မအမွှန်းတင်နေတဲ့ ကျွန်မအခန်းလေးအကြောင်းပြောကြည့်ကြရအောင် ..
ကျွန်မအခန်းရဲ့ တံခါးဝမှာ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ အလှဆင်ပစ္စည်းလေးရှိတယိ
အခန်းရဲ့ မျက်နာမူရာတံခါးမှာ နောက်တစိခုဂှိပြီး ဓာတ်ပုံများစွာတံခါးမှာ လှလှလေးကပ်ထားတယိ ကျွန်မအထင်ပေါ့ ..
နာရီကြီးတစ်ခုထင်ပြီး ရှုပ်ပွနေတဲ့ အသေးစား စင်လေးတစ်ခုရယ်
ခုံပြားပေါ်မှာ တငိထားတဲ့ အထူးထုတ်တွေ စာအုပ်သစ်တွေ ဖိုင်တွေ မှတ်စုစာအုပ်တွေရယ်
ကျွန်မနဲ့သင်တော်မဲ့ ဗီရိုတစ်ခုရယ်ကို တန်းစိထားထားတယ်
ဗီရိုပေါ်မှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ဆုတွေ သင်တန်းဆင်းလက်မှတ်တွေ ဆုယူတုန်းကဈေးကြီးပေးရိုက်ထားတဲ့ဓာတ်ပုံတွေ ဆုရထားတဲ့အရုပ်တွေ တင်ထားတယ်
ဒါတင်မဟုတ်ဘူး အပော်ကိုမော့ကြည့်လိုက်
ရင် လူတစ်ရပ်စာလောက်ရှိတဲ့ posterကြီးက လေး ငါးခုWhite boardကြီးပေါ်မှာ ရသစာစုတွေလည်းရှိသေးတယ်
..နောက်နံရံ တစ်ဖကိမှာ ကျွန်မ ကုတင်
Sweety home မွေ့ယာထူရယ် ခေါင်းအုံး၂လုံး ဖက်လုံး၁လုံး အရုပ် ၄ ၅ ရုပ်လောက်တော့ရှိတယ်
ပြီးရငိ ကုတင်နဲ့စာကြည့်စားပွဲလေးကို ဆက်ထားတယ်
သိန်းချှီပေးထားတဲ့ albumတွေ သာ ညိစီပြီး စာအုပ် တွေ ခဲတံတွေ ဘောပင်တွေ စာရွက်တွေဟာ အစဉ်မွကြေနေသလို ကုတင်ဟာလည်းစာအုပ်နဲ့ပဲပြည့်နေတယ်
ပြီးတော့ ကျွန်မ ၁၄နှစ်ပြည့် မွေးနေ့က လက်ဆောင်ရထားတဲ့ ဂျပန် marimo ရေညှိ လုံးလေးတွေ ထည့်ထားတဲ့ ဖန်ဘူးလေးလည်းရှိတယ်
၉၉၉ လုံးမပြည့်ပြည့် အောင်လုပ်ထားတဲ့ ကြယ်ဘူးလေးလည်းရှိသေးတာပဲ..
ကပ်ရပ်နံရံ ကျွန်မတို့ လှသောင်းပြက္ခဒိန်ကြီးကို ချိတ်ထားတယ် ကျွန်မပုံက နှစ်ပုံတောင်ပါတာလေ
အရေးကြီးနဲ့ ကျွန်မ အကြိုက်ဆုံး dream catcher လေးလည်းရှိတယ် နှစ်ခုတောင်မှနော် လက်ဆောင်ရတဲ့ အသေးလေးကတစ်ခု မေမေဝယ်ပေးတဲ့ အကြီး တစ်ခုနဲ့ လှလှပပလေး
ကုတင်အောက်မှာ အံဆွဲတွေရှိပြီး တိုလီမုဆုလေးတွေ ရှိတယ်
ဗီရိုထဲက အံဆွဲထဲမှာတော့ ကျွန်မ သိပ်မသူံးတဲ့ ဆံပင် ပစ္စည်းတွေ ပိုင်က်ဆံတွေ အသင်းကြေး စာအိတ်တွေ
စုံလို့
:-)
မီးချောင်းကြီးသုံးချောငိးရယိ အဲကွန်းလေးရယ်..ဘယ်သူမဝင်ရလို့အမိန့်ထုတ်ထားတယ်
ပြန်စဉ်းစားကြည့်ရငိတော့ သိပ်ကိုကျေနပ်စရာကောင်းတဲ့ ကျွန်မ အခန်းပါလား..