" Lao Gao!! "
Breaktime အချိန်မှာ ထွက်ပေါ်လာတာ လူသံလား မိုးချိန်းသံလားတောင် မသဲကွဲ။ အကြောင်းမသိသေးတဲ့ member အသစ်လေးတွေကတော့ စားနေတဲ့ထမင်း နင်မတတ်ဖြစ်သွားပေမယ့် အကြောင်းသိနေပြီးသား setting အဖွဲ့သားတွေရော staff တွေအပါအဝင် မင်းသမီး မင်းသားတွေပါ ခေါင်းတရမ်းရမ်းနဲ့ မထူးဆန်းတော့ဘူး မဟုတ်လား . . . .
" Lao Gao တော့ ပြဿနာ လုပ်ထားပြန်ပြီထင်တယ်ဟေ့ "
" ဟိုက စိတ်က လက်တစ်ဆစ် သူက အလွဲလွဲအချော်ချော်နဲ့ လိုက်လဲလိုက်တဲ့ ဆရာတပည့် "
ဝေဖန်မှုတွေ အမျိုးမျိုးထွက်လာခဲ့ပေမယ့် ကျယ်ကျယ်တော့ မပြောရဲ တော်ကြာကြားသွားမှ ကိုယ့်ဘက်လှည့်လာရင် ခက်နေမယ် မဟုတ်လား
" ရောက်ပါပြီ ဆရာ "
အနည်းငယ်ဝတဲ့ ခန္ဓာကိုယ်နဲ့ ဒုံးပျံလို အပြေးအလွှားရောက်လာကာ သူ့ကို မျက်ထောင့်နီနဲ့ ခါးထောက်ကာကြည့်နေတဲ့ ဆရာသမားကို ဇီးရွက်လောက်တောင်မရှိတော့တဲ့ မျက်နှာနဲ့ သွားဖြဲပြလိုက်ပေမယ့် ဒေါသ ငယ်ထိပ်ရောက်နေပုံရတဲ့ သူ့ဆရာကတော့ မြန်လွန်းတဲ့အရှိန်ဖြင့် ခေါင်းပေါ် လက်နဲ့ ဂေါက်ခနဲ ခေါက်လိုက်ပြီ။ လူကောင်အနည်းငယ် ကွာတာကြောင့် ရယ်စရာလိုဖြစ်နေပေမယ့် အကောင်သေးသလောက် လက်စမသေးတာမို့ အထိနာမယ် ဆိုတာ ဒေါက်ခနဲ ထွက်လာတဲ့အသံနဲ့အတူ ရွှဲ့စောင်းသလို ဖြစ်ချင်သွားတဲ့ မျက်မှန်က သက်သေလေ။ Lao Gao ခမျာ ကြယ်တွေလတွေမြင်ရတဲ့ Galaxy ထဲ ခဏအလည်ရောက်သွားမယ် ထင်ရဲ့
" အား . . . ကျွန်တော် ဘာလုပ်မိလို့လဲ ဆရာ "
စောင်းသွားတဲ့ မျက်မှန်ကို တည့်ရင်း နှုတ်ခမ်းမွှေးတွေနဲ့ ရှုံ့မဲ့ကာ ပြောလာတဲ့ Lao Gao ကို ထိုသူက မျက်မှောင်ကျုံ့ကာ
" ဘာလုပ်လဲ ဟုတ်လား မင်းကို ငါ မနေ့က ဘာရှာခိုင်းလိုက်တာလဲ "