Tae ~ jimin က jungkook နဲ့တူတူပြန်တာလား
jm ~ nae အိမ်နီးလို့ပါ
Tae ~ ဒါဆို bye bye
သူတို့လမ်းခွဲပြန်ခဲ့ကြတယ်
jk ကတော့ jm ကိုစက်ဘီးပေါ်တင်ပြီး အိမ်ပြန်ရတာပေါ့
jm ~ jungkook yrr ငါနင့်ကိုမေးစရာရှိတယ်
နင်အမှန်တိုင်းဖြေနော်
jk ~ omm မေးလေဖြေမယ်
jm ~ နင်ဘာလို့မိန်းကလေးတွေနဲ့အရင်ကစကားမပြောတာလဲ ပြီးတော့နင့်အကြောင်းလဲပြောပြ
jk ~ နင်ကဘာလို့သိချင်တာလဲ
jm ~ နင်နဲ့ငါနဲ့သူငယ်ချင်းသာဖြစ်တယ် နင့်အကြောင်းငါမသိသေးလို့ပေါ့
သိချင်လို့ပြောပြပါနော် နော်jk ~ omm ပြောပြမယ်
ငါ့ မှာအရင်ကသူအရမ်းချစ်ရတဲ့noona တစ်ယောက်ရှိတယ်
noona သာပြောတာပါ လပိုင်းလေးပဲကွာတယ်
ငါ က သူဌေးသားဒါပေမယ့် အဖေ ရော အမေရောမရှိတော့ဘူး အမေက နှလုံးရောဂါနဲ့ဆုံးသွားတာ ငါ ကတော့သူ့အမေဆုံးပြီးကတည်းကအဖေနဲ့ပဲနေလာခဲ့တာ အသက် 14 နှစ်လာက်မှာ ငါ့အဖေ accident တစ်ခုဖြစ်ပြီး ဆုံးသွားတယ်
ငါမှာူ့အမေဆုံးပြီးတည်းကသူ့အဖေပေါ်အရမ်းချစ်တာ
အဖေပါဆုံးသွားတော့
ငါ အဖော်မဲ့သွားတယ်လေအဲ့ဒါနဲ့ ငါနဲ့လပိုင်းကွာတဲ့noona တစ်ယောက်ငါ့စီရောက်လာတယ်
ငါ့ကိုချစ်ပေးတယ် ဂရုစိုက်ပေးတယ်
ဒါကြောင့်ငါလဲသူ့ကိုချစ်တယ်
ဒါပေမယ့်ငါ့အချစ်ကသူနဲ့မတန်ဘူး
ငါ့မှာတော့ ငါ့အဖေတေအမေတေမရှိထဲကသူ့တစ်ယောက်ထဲကိုပဲမြတ်မြတ်နိုးနိုးချစ်ခဲ့တာ
တကယ်တမ်းတော့သူက ငွေမက်တဲ့မိန်းမ ဒါပေမယ့်ငါ့မှာရှိတဲ့ငွေတွေသူ့ကိုအကုန်ပေးပါဆိုရင်တောင်ငါပေးမှာပါ ငါ့ဘေးမှာသူရှိနေဖို့ပဲ
သူကသူ့မာယာတွေနဲ့ပဲငါ့ကိုဖျားယောင်းခဲ့တယ် ငါလဲအဖော်မရှိတော့သူ့ကိုချစ်မိတာပေါ့
ငါသူ့ဆီက ကတိတွေခနခနတောင်းခဲ့တယ်
ငါ့နားကထွက်မသွားပါနဲ့ ဆိုပြီး
တစ်နေ့သူက ငါ့ပိုက်ဆံတွေယူပြီးထွက်ပြေးသွားတယ်
ငါသူ့ကိုပြောပြီးသားပါ ငါ့မှာရှိသမျှ အကုန်ပေးပါမယ်ဆိုတာတောင် သူကငါ့အနားမှာရှိမနေပေးနိုင်ဘူး
ငါအဲ့ထဲကသိသွားတယ်မိန်းမတွေက ကတိမတည်ဘူး မာယာများတယ် ငွေမက်တယ်
ဆိုတာတွေကို အဲ့ထဲကငါဘယ်မိန်းကလေးကိုမှမပြောတော့တာ ခုနင်နဲ့တွေ့မှပဲ