⛅☁ တိမ်တွေနေတဲ့အရပ် ⛅☁

3.8K 70 5
                                    

      ⛅☁  တိမ်တွေနေတဲ့အရပ် ⛅☁

◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉ ◉


ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လွင်တောက်ပနေပါသည်။ သူ့အတွက် ကျောင်းအားလပ်ရက်မှာ ဒီလိုနေရာမျိုးကို တစ်ယောက်ထဲထွက်လာခဲ့ခြင်းကတော့ စွန့်စားမှုကြီးတစ်ရပ်ပါပဲ။ အမြဲတမ်းအိမ်ထဲမှာပဲနေရတဲ့သူ အခုတော့ လူကြီးမိဘတွေမသိအောင် တစ်ယောက်ထဲ ခရီးထွက်လာခဲ့ပါပြီ။ နောက်ပြဿနာနောက်မှရှင်း အခုလောလောဆယ်တော့ ဒီမြို့လေးထဲမှာ တစ်ပတ်လောက် အောင်းနေလိုက်ဖို့ သူဆုံးဖြတ်လိုက်ပါသည်။

ရထားကြီးကတဖြေးဖြေးဘူတာသို့ ဆိုက်ဝင်လာပါသည်။ ဘူတာတွင် ဈေးသည်များ ခရီးသည်များ ဆိုက်ကားသမားများဖြင့် စည်ကားလျက်ရှိသည်။ သူကတော့ အဝတ်အစားများများစားစားမပါတာမို့ ကျောပိုးအိတ်ဂျင်းပျော့တစ်လုံးကိုသာလွယ်ကာ ရထားပေါ်မှဆင်းလာခဲ့သည်။ သူစဉ်းစားထားသည်က တည်းခိုစရာနေရာတစ်ခုအရင်ရှာရမည်။ ထို့နောက် သူသွားချင်တဲ့နေရာတွေကို ပတ်သွားဖို့ စိတ်ကူးသည်။

ရထားပေါ်ကဆင်းလိုက်သည်နှင့် ဈေးသည်တို့၏ဆူညံသံတွေက အာရုံနောက်စရာကောင်းလှပါသည်။ တကယ်တမ်းတစ်ယောက်ထဲ ခရီးထွက်လာတော့ စိတ်ထဲတွင် နည်းနည်းကြောက်မိသလိုတော့ရှိသည်။ ဒါပေမယ့် သူကိုယ်တိုင်လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ချင်နေတာဆိုတော့ လွတ်လပ်မှုကို သတ္တိရှိရှိနဲ့ ရှာဖွေရမှာပေါ့။ သူ့မျက်စိထဲမှာ အရာရာအားလုံးဟာ သူစိမ်းတွေကြီးပါပဲ။
လမ်းဘေးမှာ ရောင်းနေတဲ့ အစားအသောက်တွေကိုကြည့်ရင်း သူဗိုက်ဆာလာမိသည်။ ဟုတ်သားပဲ…… မနက်မိုးမလင်းခင်ကတည်းက သူအိမ်ကထွက်လာတာ တစ်လမ်းလုံးဘာမှလဲမစားရသေးပါ။
သူ့ဗိုက်ကို အရင်ဖြည့်ဖို့ စိတ်ကူးပြောင်းလိုက်သည်။ လမ်းဘေးဝဲယာကို စူးစမ်းကြည့်မိတော့ စားသောက်ဆိုင်ဟူ၍ မယ်မယ်ရရမရှိပါ။

ဘူတာဝန်းထဲက ထွက်လာခဲ့ပြီးနောက် ပလက်ဖောင်းလမ်းအတိုင်း သူလျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်အချို့ကိုကြည့်ပြီး နည်းနည်းသန့်မည်ထင်သည့် ဆိုင်တစ်ဆိုင်ကို ​ရွေးချယ်လိုက်ကာ အထဲသို့ဝင်လိုက်သည်။
ထို့နောက် အထဲသို့ရောက်သောအခါ ထမင်းအဝစား နဲ့ ဟင်းနှစ်မျိုးလောက်မှာပြီး ထိုင်စောင့်နေလိုက်သည်။

တိမ်​​တွေ​နေတဲ့အရပ်​Donde viven las historias. Descúbrelo ahora