1

750 36 0
                                    

'ကလေး'

'...'

'ကလေးလို့ papa တောင်းပန်နေတယ်လေ'

'...'

'ကလေးကစိတ်ဆိုးနေတာလား? ကလေးရယ် pa ကလေ ကလေးကိုအခန်းထဲမှာထင်လို့ပါ ကလေးကအပြင်ရောက်နေတာ pa ကမမြင်မိလို့လေ အာ့ pa ကကလေးအစာကိုတမင်တက်နင်းတာမဟုတ်ပါဘူးလို့ ကလေးကစိတ်ဆိုးပြေတော့နော်'

'...'

'ကလေးရယ် လာလာ pa နဲ့တူတူစားကြမယ်နော် pa လည်းစားမယ် ကလေးလည်းစိတ်မကောက်ဘဲစားတော့နော်'

'...'

ဟုတ်ကဲ့အခုဆို Jun တစ်ယောက် ကလေး လို့ခေါ်ခေါ်နေတာဘယ်သူဆိုတာသိချင်နေပြီမလား?

ကလေးကရောဘာလို့စကားပြန်မပြောလဲဆိုတာသိချင်တယ်မလား?

အော် ဟုတ်သား papa လို့သူ့ကိုယ်သူပြောနေတာကတော့အထက်တန်းနောက်ဆုံးနှစ်တက်နေတဲ့ Kim Jun Myeon ဆိုတဲ့ Jun ပါ

သူခေါ်ခေါ်နေပြီးခခယယတောင်းပန်နေတဲ့ကလေးကတော့ယုန်ဖြူလေးတစ်ကောင်ပါ

ယုန်လေးနာမည်က'bae'တဲ့

ကလေးပေါ့ဗျာ

'သားရေ Jun'

'ဂွပ် ဂွပ် ဂွပ်'

'ဟဲ့အော် အရေးထဲဥနီကိုက်နေပြန်ပါပြီ bae ကိုအစာကျွေးတာလား သားစားတာလားမသဲကွဲဘူး'

'omma ကလည်း သားက bae လေးပျင်းနေမှာစိုးလို့ကူစားပေးတာကို ပြီးတော့လေကလေးကခုနကစိတ်ဆိုးနေသေးတာ သားသူ့ဥကိုတက်နင်းလိုက်မိလို့လေ ခုမှစိတ်ဆိုးပြေသွားတာ'

'အမယ်လေးဟယ် ဟုတ်ပါပြီ ယုန်ပေါက်လေးရယ် မနက်ဖြန်အိမ်ကိုသား appa သူငယ်ချင်းသားလာလိမ့်မယ် သားထက်ကြီးတာမို့ကောင်းကောင်းဆက်ဆံနော်'

'ဟာ omma ဗျာ စောစောပြောဘူး'

အပြေးတပိုင်းနဲ့ထသွားတဲ့သားဖြစ်သူအား

'ဟဲ့ သားဘယ်သွားမလို့လဲ'

'ဧည့်သည်လာမှာဆိုတော့ဧည့်ခံဖို့ဥနီသွားဝယ်မလို့ omma ရေ'

*အော် ဒုက္ခ သူ့မျက်စိထဲလူမှန်သမျှကိုယုန်များမြင်နေသလားမသိ*

My bae bunny carrotWhere stories live. Discover now