2

410 33 0
                                    

'Jun'

'nae?'

'sarahae Jun.....Jun ကိုစတွေ့တည်းကချစ်မိနေတာ
ကလေးဆန်တဲ့အမူအယာလေးတွေ
မျက်လုံးလှလှလေး
နှာခေါင်းပိစိလေး
ပါးဖောင်းဖောင်းလေ
နောက်ဆုံး ဟောဒီ့ကနှုတ်ခမ်းပါးလေး
Jun ရဲ့အရာအားလုံးကို Xing ချစ်တယ် Jun
Xing စာသားလှလှလေးတွေနဲ့အချစ်စာသားမစီနိုင်ပေမယ့်
ပြောမပြနိုင်အောင်အောင်များပြားတဲ့ xing အချစ်တွေက Jun တစ်ယောက်အတွက်သာဆိုတာယုံပေးပါ
ဒီကမ္ဘာမြေကြီးပျက်သုဉ်းသည့်တိုင် Jun ကိုချစ်တဲ့ Xing အချစ်တွေမပျက်သုဉ်းဘူး
ပင်လယ်သမုဒ္ဒရာတွေခမ်းခြောက်ပါစေ Xing အချစ်တွေကစီးဆင်းနေဦးမှာပါ
နေပူပူမိုးရွာရွာ ရာသီဥတုတွေကြမ်းတမ်းပါစေ Jun အတွက် Xing အချစ်တွေကနူးညံ့နေမှာပါ
သစ်ပင်တွေပန်းပင်တွေညိုးနွမ်းခြောက်သွေ့လို့ကြွေကျပါစေ Jun အပေါ်ထားတဲ့ Xing အချစ်တွေကဆယ့်နှစ်ရာသီလန်းဆန်းနုပျိုနေမှာပါ
တိုင်းပြည်တစ်ပြည်အတွက်ရှင်ဘုရင်ကအရေးပါသလို
Xing အတွက်လည်း Jun ကအရေးပါလှတယ်
Jun မရှိရင် Xing ဆိုတာအလိုလိုပျောက်ကွယ်သွားမှာပါ
Xing ကဖြစ်နိုင်ရင် Jun အရိပ်ကိုရာထူးကဖြုတ်ပြီး Jun အရိပ်အဖြစ်တာဝန်ထမ်းဆောင်ချင်တာပါ
Jun ကိုအဲ့လောက်ထိတောင် Xing ချစ်မိနေတာပါ
Jun.....ကိုယ်စကားလှလေးတွေနဲ့မချုပ်နှောင်တတ်တာမို့
ဒဲ့ဘဲမေးပါရစေ Jun Xing ကိုချစ်လား?'
(အမယ်လေးဟဲ့ မချုပ်တတ်ပေလို့ဘဲ yixing ရယ်😒
ကိုယ့်ဦးနှောက်ထဲဒီလိုစာသားတွေရှိတာမသိဘူး 😂)

'Xing ကိုလည်း Jun ကပြောမပြတတ်အောင်ကိုချစ်ပါတယ်'

(ဟဲ့ဟဲ့ ကိုယ်ရေးတာတအားဆွိကုန်ပြီ
ကိုယ်ပါကလိကလိဖစ်နေပြီ😖)

အနားကိုတဖြည်းဖြည်းကပ်လာတဲ့ xing ကြောင့် Jun မျက်လုံးလေးအသာမှိတ်ကာထိတွေ့လာမယ့်နှုတ်ခမ်းသားအိအိလေးကိုစောင့်မျှော် 'ဒေါက် ဒေါက် ဒေါက်' မျှော် မျှော် ~~

'ဟဲ့ အထဲကကာလနဂါးယုန်ပေါက် Kim Jun Myeon ရေ ထတော့ဟဲ့ နင်နိုးရင်နင့်အဖေကာလနဂါးကြီးကိုငါကနှိုးရဦးမှာ ထတော့နော် ကြားလား ဟဲ့!!!!!'

'Nae nae'

'ashiiii......အိပ်မက်တောင်ကောင်းကောင်းမသာယာရဘူး papa တို့ကတော့တကယ့်သာသနာဖျက်ဘဲ မေတ္တာတွေတုံးတယ်'

My bae bunny carrotWhere stories live. Discover now