ရွာငယ်လေးတစ်ရွာမှာအရမ်းနာမည်ကြီးတဲ့ပုံပြင်လေးတစ်ခုရှိတယ်တဲ့
အဲ့ပုံပြင်လေးကိုဟိုးဘိုးဘေးတွေတည်းကလက်ဆင့်ကမ်းပြောလာခဲ့တာဒီနေ့ထိဘဲ
ဘယ်တော့မှရိုးမသွားတဲ့ဒီပုံပြင်လေးကတကယ့်ဖြစ်ရပ်မှန်လေးတစ်ခုပေါ့
ရွာကမိန်းကလေးတစ်ယောက်နဲ့ monster လေးစခဲ့တဲ့ချစ်ခြင်းပုံပြင်လေးတစ်ပုဒ်ကသူတို့သားလေးအချစ်ရေးကိုပါထိခိုက်စေခဲ့တယ်
သူတို့သားဖြစ်သူနဲ့ချစ်သူရဲ့ချစ်ပုံပြင်လေးကိုစပြောရမယ်ဆိုရင်ဖြင့်
ဟိုးရှေးရှေးတုန်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာနားကတောအုပ်ထဲမှာ monster လေးတွေနေတယ်
လူတွေကိုအန္တရာယ်မပြုသလိုလူတွေကလည်းအန္တရာယ်မပြုကြဘူး
တစ်ချို့ဆိုမိတ်ဆွေတွေတောင်ဖွဲ့ကြသေးတယ်တဲ့
တစ်နေ့မှာလူသားကောင်မလေးတစ်ယောက်နဲ့ monster ကောင်လေးတို့ငြိစွန်းခဲ့ကြတယ်
သဘာဝမဟုတ်တဲ့ချစ်ခြင်းလမ်းလေးကမဖြောင့်ဖြူးခဲ့ဘူး
monster လေးတွေကိုမလိုလားတဲ့လူတစ်စုကမိန်းကလေးနဲ့ကလေးကိုသတ်ဖို့ကြံကြတယ်
မိန်းကလေးကကလေးငယ်ကိုမထိခိုက်စေချင်တာကြောင့်တောနက်တစ်နေရာမှာထားခဲ့ပြီးအသက်စတေးခဲ့တယ်
မိန်းကလေးနဲ့ငြိစွန်းတဲ့ monster ကောင်လေးက monster မင်းသားလေးတစ်ပါးတဲ့
မွေးလာတဲ့ကလေးကလူအသွင်ဖြစ်နေတာကြောင့် monster ဘုရင်ကြီးကသူတို့လောကထဲအဝင်မခံခဲ့ဘူး
မင်းသားလေးကသူ့သူငယ်ချင်းတစ်ချို့ကိုတောထဲမှာနေစေပြီးကလေးကိုစောင့်ရှောက်စေခဲ့တယ်
ကလေးလေးနာမည်က Sehun တဲ့
Sehun လေးမှာတခြား monster တွေလိုအစွမ်းမရှိခဲ့ဘူး
ဒါပေမယ့်လူ့လောကထဲထားဖို့လည်းအခက်တွေ့နေပြန်တယ်
Sehun လေးက monster အစွမ်းမရှိပေမယ့် သူ့ကို monster အဖြစ်သတ်မှတ်တဲ့အချက်ကတော့လူတွေကသူ့ကိုထိလို့မရဘူးတဲ့