{ep:2}

20.8K 1.6K 6
                                    

*ငါမင်းကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ပေမဲ့ ငါ့ကိုဒီစကားလေးတစ်ခွန်းတော့ပြောခွင့်ပေးပါ ငါမင်းကိုချစ်တယ် မဟုတ်ဘူး ငါမင်းကိုမြတ်နိုးတယ်*

'ဟေ့ရောင်တွေ ဟေ့ရောင်တွေ'

အခန်းထဲကိုအလောတကြီးဝင်လာတဲ့ကျောင်းသားတစ်ယောက်ကြောင့်သူမော့ကြည့်လိုက်သည်

'ဟေ့ရောင် ဘာဖြစ်လာတာလဲမင်းနောက်ကျားလိုက်လာလို့လား'
အတန်းရှေ့နားကကျောင်းသားတစ်စုစီမှအသံ

'မင်းအမေလိုက်တာဟေ့'

'ဟမ် ငါ့အမေကျောင်းလိုက်လာလို့လား'

'ချီးပဲ အရေးထဲ ရွဲ့နေတာဟ ဖက်တီးဆေးရုံတင်ထားရတယ်တဲ့ဆရာမတွေပြောနေကြတာ'

ကြားလိုက်ရတဲ့စကားသံကြောင့်သူ့ရှေ့မျက်စောင်းထိုးက၅ရက်လောက်ပိုင်ရှင်မဲ့နေတဲ့ခုံလေးကိုကြည့်လိုက်မိတယ်စိတ်ထဲမှာလေးလာသလိုပဲ

'ဖက်တီးကအကောင်းကြီးကနေဘယ်လိုဖြစ်လို့တုန်း'

'အဲ့ဒါတော့ငါလည်းမသိဘူးဆရာမတွေပြောနေတာပဲသန်ဘက်ခါစာမေးပွဲကိုလာဖြေဖို့တောင်မသေချာဘူးတဲ့'

'ဟုတ်လား ဖက်တီးတော့စာရပေမဲ့နောက်တစ်နှစ်နေရတော့မယ့်ပုံပဲ'

တစ်ယောက်တစ်ပေါက်ပြောနေတဲ့အသံတွေကြားမှာသူ့စိတ်တွေဟာလည်းပိုလေးလံလာသလိုပဲ

ဖက်တီးကငါ့ကြောင့်ခုလိုဖြစ်ရတာများလား အာ မင်းခန့်ညားဘာတွေလျှောက်တွေးနေတာလဲ သူ့ဘာသာစာတွေကျက်တာများပြီးနေမကောင်းတာနေမှာပေါ့ ငါ့ကြောင့်ဖြစ်နိုင်စရာလား

သူ့စိတ်ကိုသူဖြေနေပေမယ့်လေးလံမွန်းကြပ်နေတဲ့စိတ်ကြီးကပျောက်မသွားပေ

အဲ့အချိန်ကစလို့ညီဘုန်းမြတ်ကိုမမြင်ရတော့တာအခုချိန်ထိပဲ ဆေးရုံတက်နေရတယ်စာမေးပွဲလာမဖြေတော့ဘူးဆိုတဲ့သတင်းတွေကအမှန်တွေဖြစ်ခဲ့တယ် ဆေးရုံကဆင်းပြီးနိုင်ငံခြားထွက်သွားတယ်ဆိုတဲ့သတင်းတစ်ခုလည်းသူကြားခဲ့ပါသေးတယ် လွန်ခဲ့တဲ့၈နှစ်ကသူ့အပေါ်မှာလွန်မိခဲ့တဲ့အမှားတစ်ခုအတွက်တော့သူ့ကိုတောင်းပန်ချင်ပါသေးတယ်

Mistakes!Where stories live. Discover now