(Part-1)

2.8K 199 8
                                    

"မင်းကိုပိုင်ဆိုင်ချင်ပေမဲ့အချိန်နှောင်းသွားခဲ့ပြီ"

Dyo Dyo

*hak*

နာမည်လေးနဲ့မှမလိုက်တင်ထားတဲ့သူ့စာသားလေးတွေကြောင့်ကျွန်တော်ရယ်မိသည်

ဒီလိုတွေတင်ချင်တယ်ဆိုလည်းacc name ကိုအလန်းလေးထားသင့်သည်
ခုကတော့ဘာတဲ့"dyo dyo"ကလေးဆန်လိုက်တဲ့နာမည်

ကျတော်တင်သည့်statusကိုသူ့reactလေးပေးတိုင်းသူ့accထဲဝင်မွှေဖြစ်သည်
ထိုaccပိုင်ရှင်လေးသည်သူ့ပုံများအားသိပ်မတင်ခဲ့

သူ့feelတွေ
Sakuraပန်းတွေ
ဒါတွေနှင့်ပဲပြည့်နှက်နေသည်

သူ့accကိုကြည့်နေရသည်မှာပျင်းခြောက်ခြောက်နိုင်ပေမဲ့တစ်မျိုးတော့စိတ်ဝင်စားဖို့ကောင်းသည်

"ငါလည်းပုံတင်ဦးမယ်"

Galleryထဲဝင်ကာမနက်ကကျောင်းတွင်Sehunနဲ့ပြောင်ချော်ချော်ရိုက်လာတဲ့ပုံကိုတင်လိုက်သည်

*Noti*

ချက်ချင်းသူ့ဆီကlove reactလေးရသည်
အမြဲလိုလိုသူကကျတော်ဘာတင်တင်first react ပေးသူတစ်ယောက်ဖြစ်၏
စိတ်ဝင်စားစရာကောင်းတဲ့accလေးပါလေ


~~~•°•°•°•♥Sakura♥•°•°•°•~~~


"Park Chanyeol!!!!"

ကျွန်တော့်နောက်ကပြေးလိုက်လာကာအော်လိုက်သောSehunကြောင့်ခြေလှမ်းတို့ရပ်တန့်ကာနောက်ကိုလှည့်ကြည့်လိုက်သည်
Sehun၏လွယ်အိတ်ကိုတစ်ဖက်သာလွယ်ကာအမောတကောကိုးယို့ကားယားပြေးလာသောပုံစံကသူ့ဘေးကဖြတ်သွားသောမိန်းကလေးများကိုကြွေစေသည်

"ဖြေးဖြေးအော်ပါSehunရာ"

နားကိုလက်နှင့်ပိတ်ဟန်ပြုကာsehunအားပြုံးစိစိဖြင့်နောက်လိုက်သည်

"မင်းငါ့ကိုလျိုထားတယ်ပေါ့ မင်းကွာ"

သူကစိတ်မကောင်းတဲ့အသံနဲ့ပြောလာသောကြောင့်ခေါင်းကိုလက်နှင့်ကုတ်မိကာအူကြောင်ကြောင်ဖြစ်သွားသည်

"ဘာကိုလဲ"

"မင်းNa Naနဲ့ချစ်သူတွေဆို
ဘယ်ကတည်းကလဲ
ငါသူများနားကပြန်ကြားရတော့စိတ်တောင်မကောင်းဘူး"

Sakura[Completed]Where stories live. Discover now