Extra(Part-2)

1.1K 126 6
                                    

Kyungsoo'pov

"နင်....ငါတို့ကိုဒီလိုကျေးဇူးဆပ်တာပေါ့ဟုတ်လားKyungsoo"

ကျွန်တော်အလွန်ကြောက်လန့်တုန်လှုပ်လာကာchanyeolနှင့်ဝေးရမှာကြောက်လာသည်
Ommaရဲ့ဖုန်းတစ်ဖက်ကစကားသံတို့သည်ကျွန်တော့်အားအလွန်ဒေါသထွက်နေသယောင်ရှိသည်

"ငါ့သားလိမ္မာပါတယ် လိမ္မာပါတယ်နဲ့လွှတ်ထားတာ ခုတော့နင်က......."

Ommaငိုနေသည် ommaအသံတို့တိတ်ဝင်သွားသည်

"နင်ကအခြောက်လား ဟမ် Kyungsoo"

လူတစ်ယောက်ကိုရိုးရိုးရှင်းရှင်းလေးချစ်မိတာကိုအခြောက်လို့မစွပ်စွဲပါနဲ့ommaရယ် သားလည်းအရမ်းပင်ပန်းနေပြီ

"ငါမေးနေတာဖြေလေ kyungsoo"

ကျွန်တော့်အိပ်ခန်းကရေချိုးခန်းထဲတွင်ရေချိုးနေသောchanyeolမကြားစေရန်ဘာမှပြန်မပြောမိ
သူကြားသွားလျင်သူပါစိတ်ညစ်ရဦးမည်

"နင်ပြန်မဖြေဘူးနော် a ငါနဲ့နင့်appaမနက်ဖြန်နင့်ကိုချက်ချင်းလာခေါ်မယ်
အသင့်ပြင်ထား"

ယောက်ျားလေးချင်းတွဲသည်ကိုထောက်ခံသောမိန်းကလေးများ၏ကျေးဇူးကြောင့်onlineပေါ်တွင်ပြန့်နေသောကျွန်တော်တို့နှစ်ယောက်၏ပုံတွေကိုomma၏လက်အောက်တွင်အလုပ်လုပ်နေသောလူငယ်များမှတစ်ဆင့်Ommaသိသွားခြင်း

"Ommaသားမလိုက်..."

Ommaကပြောပြီးဖုန်းကိုချက်ချင်းချပစ်လိုက်သည်
မဖြစ်နိုင်ပါ ကျွန်တော်chanyeolနဲ့ခွဲဖို့မဖြစ်နိုင်ပါ
သူနဲ့ဝေးရရင်ကျွန်တော်သေသွားလိမ့်မည်

"ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"

ရေချိုးခန်းတံခါးဖွင့်ပြီးရေဆိုနေသောခေါင်းကိုတဘတ်ဖြင့်သုတ်ကာထွက်လာသောသူကကုတင်ပေါ်တွင်ဖုန်းကိုနားနားကပ်ကာထိုင်နေသောကျွန်တော့်အားလှမ်းမေးသည်
အောက်ပိုင်းတဘတ်နှင့်ပတ်ထားကာအပေါ်ပိုင်းဗလာဖြစ်နေသောchanyeol၏ခန္တာကိုယ်သည်ရစ်မူးချင်စရာကောင်းသည်

"ommaနဲ့"

"ဟုတ်လား ဘာတွေပြောလဲ"

သိချင်စိတ်နှင့်အတူကျွန်တော့်ဘေးဝင်ထိုင်သောသူ...

Sakura[Completed]Where stories live. Discover now