ချိုမြိန်တဲ့အရာလေးတစ်ခုကိုအချစ်လို့ယူဆခဲ့ပေမဲ့
နောက်ပိုင်းသိခဲ့တာက
ခဗျားကလဲကျနော့်အတွတ်
ချိုမြိန်တဲ့နာကျင်မှုချစ်ခြင်းလေး𝖧𝖴𝖱𝖳~
တစက်စက်နဲ့ မတိတ်နိုင်သေးသော မိုးကို ကြည့်ရင်းကနေ မျက်ရည်ကျလာသည့်အထိမျက်ရည် ဆိုတာ ဝမ်းနည်းမှကျဆင်းတတ်တာလို့ ယူဆကြတာပဲ ဒီမျက်ရည်ကကော ဝမ်းနည်းပူဆွေးမှုကြောင့်များလား?
ဘုရားကျောင်းကိုငေးကြည့်ရင်းပါးထက်ကဖြည်းဖြည်
းကျဆင်းလာတဲ့ မျက်ရည်ပူကို ဖိသုတ်မိလိုက်သည်// မုန်းလိုက်တာ လုဟန် ရာ//
မုန်းပါသည်ဟူသော နာမ်စားကို ရှေ့တန်းတင်ထားခဲ့သော်လည်း အမှန်စင်စစ် မုန်းမရခဲ့
ဟုတ်ပါသည် လုဟန်ဆိုသောသူသည် ဆယ်ဟွန်းရဲ့ချစ်ရပါသော
လူသားတစ်ဦးစတွေ့ကတည်းကသူရဲ့အေးတိအေးစက်ပုံစံက ကိုယ်နဲ့အချိုးကျစွာ လိုက်ဖတ်ညီသည်။
လူတိုင်းအပေါ် ခပ်ချေချေဆက်ဆံတတ်သော်လည်း သူ့အရှေ့တွင်မူ အချစ်ကို အရှုံးပေးကာချစ်တတ်သည့်လူသားတစ်ဦးပင်...လူတကာ အထင်သေးလောက်အောင်ကိုပင် ကျနော်သည် သူ့အရှေ့တွင် ဒူးထောက်ခစားသည် သူ့အမိန့်ဟု အမည်ပေးလောက်သည့် သူ့စကားကို နာခံတတ်သည်
အိပ်ရေးပျက်ခံပြီး သူ့အကြောင်းကိုစာစီကုံးနေတတ်သည်. သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်လုံး နှုတ်ခမ်းပါးပါးလေးတွေ က အစ အကြိမ်တရာမက သိမ်းပိုက်မည် ဟု စိတ်ကူးယဉ်ခဲ့ရသည် သို့သော်...
~~~~~~မျက်နှာထားကိုတင်းထားရင်း ဘယ်အရာအတွတ် ရောက်နေရမှန်းမသိတဲ့ ဘုရားကျောင်း အရှေ့မှာ ဆယ်ဟွန်းငိုင်လျက်မိသား
ဘုရားကျောင်း ဆီက နေ ခပ်သဲ့သဲ့ ကြားနေရတဲ့ မင်္ဂလာသီချင်းသံကို နားဆွင့်ရင်း~
ဒီဘုရားကျောင်းလေးမှာပဲ စတင်ခဲ့တဲ့ အချစ်ဟာ
ဒီဘုရားကျောင်းလေးမှာပဲ ပြန်ဆိတ်သုန်းသွားခဲ့ရလေသည်~ဝင်ဖို့ အင်အား မရှိလောက်အောင် လေးလံနေတဲ့ခြေထောက်တွေကို အနောက်ပြန်လည့်စေခဲ့ရင်း... အတိတ်က လှပခဲ့သည်ဟုထင်ခဲ့ဖူးသော အမှတ်တရတွေကိုပြန်လည် ရောက်ရှိသွားလေရဲ့•••••••••
YOU ARE READING
𝘏.𝘶.𝘳.𝘵 (One Short)
FanfictionQ : What meaning of hurt? A : hurt mean is still hurt for love. @ohsehun × @Luhan_m