RCFRL.3

700 70 24
                                    

Right Choice For Right Love💞💞
...
...
...
...
...
...
...စစ်​မှန်​​သောချစ်​ခြင်း​မေတ္တာအတွက်​ ❤
မှန်​ကန်​​သော​ရွေးချယ်​မှု 💘

**Chapter.3**

" ကျွန်တော်လေ Jongin ကို စတွေ့တွေ့ကတည်းက
ချစ်နေမိတာ..
အစကတော့ အာ့တာကို အချစ်လို့မထင်ခဲ့မိဘူး..
နောက်မှနားလည် လာတာ အချစ်လို့လေ.."

" အာ့တော့ Kyungie ဘယ်လိုဆက်လုပ်မှာလဲ.."

" ဘာကိုပြောချင်တာလဲ Suho hyung "

" Jongin က Baekhyun နဲ့ချစ်နေကြတာလေ"

" ကျွန်တော်သိပါတယ်.."

" သိသားနဲ့ Kyungie ရယ်..
မင်းနှလုံးသားတွေနာကျင်နေရမှာပေါ့
ချစ်ရသူရှေ့မှာဟန်ဆောင်နေရတာ"

Suho ရဲ့အပြောကို Kyungsoo တစ်ယောက်
အပြုံးလေးနဲ့တုံ့ပြန်ရင်း

" နှလုံးသားလေးက နာကျင်ရပေမယ့်
စက္ကန့်စာလောက်အပျော်လေးကို ကျွန်တော်ပြန်ရတယ်
လေ တစ်ခုခုလိုချင်မှတော့ တစ်ခုကို ပြန်ပေးဆပ်ရမှာပေါ့ hyung ရယ် "

"Jongin ကိုဖွင့်မပြောတော့ဘူးလား
နည်းနည်းလောက်ပဲ ဖြစ်ဖြစ်ခံစားချက်တွေပေါ့သွားအောင်လို့...နို့မို့ဆို ဒီနှစ် Dika Day မှာလည်း
L လေးတွေကြောင့် မင်းတို့ရန်ဖြစ်နေရလိမ့်ဦးမယ်.."

Suho hyung ပြောမှ ကျွန်တော်ပြန်တွေးမိတယ်
လွန်ခဲ့တဲ့ နှစ် Dika Day တုန်းက
Inလေး နဲ့ ကျွန်တော် ရန်ဖြစ်ခဲ့တယ်
aww In လေးဆိုတာ ကျွန်တော့် Jongin လေးကို နှစ်ယောက်ထဲပဲ ရှိတဲ့အချိန်မှာခေါ်တဲ့ Nickname လေးပေါ့
အာ့နှစ် Dika day တုန်းက..
Dika day omm Dika day ပေါ့
သူ့ရဲ့ စိတ်ခံစားမှုကြောင့်မဟုတ်ဘဲ
L လေးတွေရဲ့အမြင်နဲ့ပဲ ပေးထားတဲ့ သတ်မှတ်ထားတဲ့
နေ့လေးလေ..
အာ့နေ့က L လေးတွေ တောင်းဆိုတာကြောင့်
ကျွန်တော်နဲ့ In လေး
တစ်ယောက်နဲ့တစ်ယောက်ဖက်ခဲ့တယ်
အာ့တုန်းက ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်း
သူ့ရဲ့ ချစ်ရသူ
baekkie
ရဲ့ Dika လို့အော်တဲ့ အသံကြောင့်
In လေးတစ်ယောက်စိတ်တွေတိုသွားခဲ့တယ်
In လေးက ကျွန်တော်နဲ့သူနဲ့ကို couple အ
ဖြစ်ship နေကြတာ သဘောမကျဘူးတဲ့
😅 ကျွန်တော်က သူ့အတွက်
အမြဲနွေးထွေးမှုပေးနိုင်တဲ့ member hyung
ထပ်မပိုဘူးတဲ့
😂😂😂
ရယ်ရတယ်နော် ကိုယ့်ကိုမချစ်တဲ့သူရဲ့ အချစ်ကိုမှ လို
ချင်တောင့်တနေတဲ့ ကျွန်တော်က
ဘဝဆိုတာကလည်း ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာနိုင်ဘူးလေ..

Right Choice FoR Right LoveWhere stories live. Discover now