Your Love For Me (one shot )
အတန်းချိန်တွေ တစ်ချိန်ပြီး တစ်ချိန် တက်ရတာ ကြာလာသည်နှင့်အမျှ အခန်းထဲကနေ အပြင်ထွက်ချင်လာသည်။
ခေါင်းထဲစာများမဝင်တော့သည်လား
ဟိုနားကနာလာသလိုလို သည်နားကပဲ နာနေသလိုလိုနဲ့ အပြည့်ဖြည့်ပြီးသား ဗိုက်ကလည်း ပြန်ဆာ၍နေပြီ။အတန်းချိန်တွေ မြန်မြန်ပြီးပါတော့
ကျွန်တော် ခေါင်းထဲစာတွေ ထည့်မရတော့တာ သင်နေတဲ့ Samတစ်ယောက် သိပါစေ။"JongInသား ဘာဖြစ်နေတာလဲ လှုပ်ရွနေတာပဲ"
"ဘာမှမဖြစ်ပါဘူး နည်းနည်းပဲ နေလေးမကောင်းချင်သလိုဖြစ်နေလို့ပါ''
အလန်းကြီးရှိနေတဲ့မျက်နှာကနေ ချက်ချင်းလက်ငင်း ညိုးလျှလွန်းတဲ့ မျက်နှာအဖြစ် ဖန်တီးရှင်JongInကြောင့် Samမှာ သနားသွားသည်လား ခေါင်းလေးဖြေးဖြေးခါကာ ရေးနေဆဲစာကို ဆက်ရေးပြီး လက်စသတ်လိုက်သည်။
"ကဲ ဒီနေ့တော့ ဒီနေရာမှာ နားကြတာပေါ့ နောက်နေ့မှဆက်ကြမယ်''
အို ကျေးဇူးကြီးမားလိုက်တာ Samရယ် အဟဲ ဟဲ
"JongJongIn မင်းအကြံငါသိတယ်နော်''
ဘယ်သူတွေကို ဘယ်လိုမျိုးပဲ လိမ်ညာခြင်းက အောင်မြင်နိုင်ပေမဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ParkChanYeolကို ညာလို့မရတာ ထုံးစံမို့ ဖြူဖွေးနေသော သွားများသာ ဖြဲပြကာ စာအုပ်တွေ ထိုးထည့်ရင်း လွယ်အိတ်လေးလွယ်လိုက်ပြီး Cafeteriaကို ထွက်လာကြသည်။
"ငJongမင်းဘောပွဲမှာ ဝင်ပါမှာလား''
JongIn လမ်းလျှောက်နေရာမှ ဘေးက ChanYeolကို မျက်စောင်းရွယ်ကြည့်သည်။
"ငါ့တို့ကျောင်းက မေဂျာတွေ ကန်ကြမှာလား''
"မဟုတ်ဘူးကွ ကျောင်းကိုယ်စားကန်ပေးရမှာ ငါဖြစ်ချင်စေတာကလေ မင်းကောပဲငါတို့ကျောင်းရဲ့ အင်ဂျင်နီယာ အလောင်းအလျာတွေထဲကနေ Civil မေဂျာကိုယ်စား ပါဝင်ပေးဖို့''
JongInခေါင်းတညိပ်ညိပ်လုပ်ကာ
"ဘယ်ကျောင်းတွေနဲ့လဲ''
"အဲ့တာက''
Chanyeol သူ့လည်ပင်းကို အကြောင်းမရှိပြန်ပွတ်ကာ JongInကို ပြုံးပြလာသည်။
![](https://img.wattpad.com/cover/135102723-288-k755960.jpg)
DU LIEST GERADE
January Couple Stories
RomantikDo Kyung Soo 💙 Kim Jongin For KaiSoo Day One Shot Collection ! ≧ 13♡01♡2018≦ For our beloved two birthday??