17

27 10 0
                                    

**သူဖန်​ဆင်း​သောတိုက်​ဆိုင်​မူတစ်​ခု**<<Part-17 >>
.
.
.
ကားနောက်ခန်းထဲမှတစ်ဝေါ့ဝေါ့ဖြစ်နေသောKrisကြောင့်နီးစပ်ရာဆေးဆိုင်ထဲ ဝင်ပြီးအမူးပြေဆေးဝယ်ပြီးပြန်ထွက်အလာဆိုင်ဘေးနားကညီးသလိုအသံတစ်ခုကြောင့်Sehunမျက်လုံးတို့ထိုအသံလာရာသို့ကြည့်လိုက်ပြီးမြင်လိုက်ရတဲ့ပုံစံကြောင့်လန့်သလိုဖြစ်သွားသည်.........။

ထိုင်နေတာကတော့ကောင်မလေးတစ်ယောက်ဘဲဗိုက်အောင့်လိုထင်တယ်ဗိုက်ကလေးကိုဖိလို့......

Sehunထိုတစ်ယောက်ကိုကြည့်နေစဉ်အရှေ့မှမျက်နှာကိုကွယ်သလိုဖြစ်နေသောဆံပင်တို့ကို ဖယ်ကာသတ်လိုက်လေတော့ကောင်မလေးရဲ့မျက်နှာကိုထင်းခနဲမြင်လိုက်ရလေတော့

"Lu...Lu"

နှုတ်ခမ်းမှရုတ်တရက်ထွက်ပေါ်လာသောနာမည်တစ်ခုနဲ့အတူSehunသူ့ကိုသူတောင်မသိဘဲသက်ပြင်းချလိုက်မိသည်......။

မျက်နှာကလည်းLuကိုကြည့်ရင်းသိသိသာသာပျက်ရွမ်းသွားပြီး.........

"ဒီဟာလေးနဲ့ဘဲမဆုံချင်လဲဆုံနေရတယ်......ခုလည်းဘာဖြစ်ပြန်တာလဲမသိဘူး......"

Sehunမသိချင်ယောင်စာဆောင်ကာဆေးခန်းရှေ့မှထွက်လာဖို့ခြေလှမ်းလှမ်းကာနားကလည်းအသံကိုစွင့်နေမိသည်.........။

"ငါနဲ့မှမဆိုင်တာ......"

လေးလှမ်းငါးလှမ်းလောက်လှမ်းပြီးချိန်မှာတော့

"မင်းထားသွားလို့သူသေသွားရင်ဘယ်လိုလုပ်မလဲOh Sehunရဲ့......ဟာမသိတော့ဘူးကွာ......"

ပစ်​ထားမသင့်​ဘူးတဲ့ခံစားချက်​နဲ့အတူမာနကအ​တွေးမှာပါကပ်​ပါလာ​လေ​တာ​ကြောင့်​ တစ်​ချက်​​တောင်​​နောက်​ပြန်​မကြည့်​ဘဲကားထဲသို့ဝင်​ထိုင်​​နေလိုက်​သည်​.....။

ငယ်​ငယ်​တုန်းကနှစ်​ခါ​လောက်​​​တွေ့ဘူးပြီးခုအရွယ်​​ရောက်​​တော့လည်းတစ်​ခါဘဲ​တွေ့ဆုံဘူး​သေးတဲ့လူနှစ်​​ယောက်​ကဘာလို့များ​တွေ့တာနဲ့မှတ်​မိ​နေရတာပါလိမ့်​....။

မှတ်​ဥာဏ်​ဘဲ​ကောင်းလွန်းတာလား​ရှေး​ရေစက်​များရှိ​နေတာလားဆိုတာစဉ်းစားရကျပ်ေ​စသည်.....။

သူဖန်ဆင်းသော တိုက်ဆိုင်မူWhere stories live. Discover now