လှောင်အိမ်ထဲတွင်~
မတောင့်မတမကြောင့်မကြ
နေရပါသော်လည်း~
ထိန်းချုပ်ထားမှုကိုမကြိုက်သည့်အတွက်~
လှောင်အိမ်အပြင်တွင်
ကြမ်းတမ်းမှုများအား အားတင်း ရင်ဆိုင်လိုခဲ့သည်~🍃🍃🍃
နွေးထွေးသော နေရောင်ခြည်တို့ ဖြာကျနေကာ
မနက်ခင်းရဲ့လတ်ဆတ်မှုတို့သည်
စိတ်ကိုလန်းဆန်းစေသည်ကုတင်ပေါ်မှာဆင်းကာ မှန်များနှင့်ကာရံထားသော ပြတင်းတံခါးနားမှာရပ်နေစဉ်
"သားသား အိပ်နေတုန်းပဲလား မအုန်း"
အခန်းရှေ့က မေမေ့အသံကိုကြားလိုက်ရစဉ်မှာတော့
မနက်ခင်းရဲ့လန်းဆန်းလတ်ဆတ်မှုတွေကို ဆက်လက်မခံစားနိုင်ပဲညကမေ့ကာဖွင့်ထားမိတဲ့ပြတင်းပေါက်ကို ခပ်မြန်မြန်လိုက်ကာချလိုက်ရသည်
သိပ်မကြာခင် ဒီအခန်းထဲကို မေမေ၀င်တော့မယ်
ပြီးရင် လိုက်ကာ မချထားတဲ့ပြတင်းပေါက်ကိုတွေ့ရင်
*နေပူလိုက်တာ သားသားရယ်* ဆိုပြီး စိုးရိမ်စိတ်များလိမ့်မည်"ဒေါက် ဒေါက်"
လိုက်ကာဆွဲအပြီးမှာ ထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့် ကုတင်ပေါ်တွင်ပြန်ထိုင်နေလိုက်သည်
အဲ့လိုမှမဟုတ်ရင်
*သားသားရယ် အိပ်မရလို့လား
ဘာဖြစ်လို့များလဲ အစောကြီးနိုးနေတာလား*
စတဲ့ စိုးရိမ်စိတ်များတဲ့စကားတွေ လာတော့မယ်ဘာမှအရေးမကြီးတာလေးအတွက်နဲ့တော့ မေမေ့ကိုမပူပန်စေချင်ပါ
"သားသားရေ နိုးပြီလား"
သူဘာမှပြန်မဖြေရသေးခင် ၀င်လာတဲ့မေမေက သူထင်ထားတဲ့အတိုင်း မေးခွန်းတွေမေးလာတော့သည်
"သားသား အစောကြီးနိုးနေတာလား?
ဘာလို့လဲ အိပ်မပျော်လို့လား ဒါမှမဟုတ် နေမကောင်းလို့လားဟင်"
YOU ARE READING
🍃Bewitching🍃(Zawgyi&Unicode)
Teen Fictionညို့ခြင်းမမည်နဲ့ ညို့သွားတာက ကောင်းခြင်း🍃 အဆုံးစွန်ထိ ရူးမိုက်မိတာက ဆိုးခြင်း🍃 ညီမျှခြင်းက ချစ်မိခြင်း🍃 Unicode ညို့ခြင်းမမည်နဲ့ ညို့သွားတာက ကောင်းခြင်း🍃 အဆုံးစွန်ထိ ရူးမိုက်မိတာက ဆိုးခြင်း🍃 ညီမျှခြင်းက ချစ်မိခြင်း🍃