Part - 2

2.1K 132 2
                                    

ငယ်ငယ်က သစ်ပင်ကြီး အောက်မှာ မင်းသမီးလုပ်တမ်း
ကစားခဲ့တဲ့ နှင်းပွင့် ဆိုတဲ့ ကောင်မလေးက အခုဆိုရင် အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်နေပါပြီ

ငယ်ငယ်ကလို ဆံပင်ကို စီးထားဆဲပါ
ဒါပေမဲ့ အရပ်ကတော့ အတန်းဖော်တွေထဲမှာ အပုဆုံးနဲ့
ချစ်စရာ ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့

နှစ်တွသာကြာသွားပေမဲ့ သူ့ကို မင်းသမီးတစ်ယောက်လို သဘောထားဆက်ဆံတတ်တဲ့ ကောင်လေးကိုတော့ နှင်းပွင့်တစ်ယောက် ခုထိတိုင် သတိရနေဆဲပါ....

ခုဆိုရင် သူတို့ ဝေးကွာသွားခဲ့တာ ၅နှစ်ကျော်လောက်
ရှိခဲ့ပြီလေ..... တစ်ကြိမ်တစ်ခါတောင် ပြန်မတွေ့ဖြစ်ခဲ့ကြဘူး.....

"ဟူး....ငါနင့်ကိုတွေ့ချင်......

"ဒုန်း"......

ဘောလုံးတစ်လုံးက အတွေးလွန်နေတဲ့ နှင်းပွင့်ရဲ့ မျက်နှာဆီကို ပြေးဝင် မိတ်ဆက်လိုက်သည်

"ဟဲ့ နှင်း ဘယ်လိုဖြစ်တာလဲဟာ ဘောလုံးလာတာကို
မရှောင်ပဲ ဘာတွေတွေးနေတာလဲ"

သူငယ်ချင်းတွေက လဲကျသွားတဲ့ နှင်းပွင့်ကိုထူရင်း
အပြစ်တင်စကားပြောနေကြသည်

အဲ့ဒီအချိန်မှာ ဘောလုံးလာတဲ့ ဘက်ဆီက ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက် အပြေးရောက်လာပြီး

"ဟို.... ရရဲ့လားဟင် sry နော် ခြေချော်ပြီး ကန်မိလိုက်တာ"

နှင်းပွင့် က ဒေါသထွက်နေတဲ့ မျက်နှာနဲ့

"ရတယ် ဘာမှမဖြစ်ဘူး "

ဆိုကာ ထပြီး ထွက်သွားလေသည်

"ဒါ သက်သက် လုပ်တာပဲနေမှာ &$#$"

နှင်းပွင့် တစ်ယောက် ဒေါသတကြီး နဲ့
တစ်ယောက်ထဲ ပြောဆိုနေလေသည်

ဘောလုံးကန်လိုက်တဲ့သူက သဇင် ဆိုသော
ကောင်မလေး သူ ကျောင်းပြောင်းလာတာ
မကြာသေးပေမဲ့ သူရောက်လာကတည်းက နှင်းပွင့် တစ်ယောက် သူ့ကို ကြည့်မရခဲ့

အကြောင်းကတော့ ------
သူမလာခင်က နှင်းပွင့်က အတန်းထဲမှာ စာအတော်ဆုံး ဆရာမတွေနဲ့ သူငယ်ချင်းတွေကလဲ နှင်းပွင့်ကို ချစ်ကြတယ်

သူရောက်လာတော့ အမြဲတမ်း နှင်းပွင့်နဲ့ အဆင့်ကလဲတူ အမှတ်ကလဲ တူ တစ်ခါတလေ သူက အမှတ်ပိုများသွားတတ်သေးတယ်
ရောက်လာတာ မကြာသေးပေမဲ့ သူက ဖော်ရွေပုံရတော့
သူငယ်ချင်းတွေလဲ အများကြီး
ဆရာမတွေနဲ့လဲ ရင်နှီးအောင်နေတတ်တယ်
အားကစားဆိုလဲ သူပဲ.......

အဲ့တော့ နှင်းပွင့်တစ်ယောက်သူ့ကို ကြည့်မရတော့--
သူ့ထက် တော်တဲ့သူတစ်ယောက် သူ့အနားမှာရှိနေမှာကို သူလုံးဝမကြိုက်......
အထူးသဖြင့် သူ့ထက်လဲ အရပ်ရှည်ပြီး ချစ်ဖို့ကောင်းနေတော့ ပိုဆိုးတာပေါ့

အဲ့ဒါကြောင့် သဇင်ကိုဆို နှင်းပွင့်တစ်ယောက်
လုံးဝကြည့်မရ ဘာလုပ်လုပ် အကောင်းမမြင်ပဲနေလေသည်

ခုလဲကြည့် ဘောလုံးကို သူ့မျက်နှာဆီ ကန်ရမလားဆိုပြီး
ဒေါသထွက်ရပြန်ပြီ....

အတန်းထဲ ပြန်ရောက်လာတော့

"ဟဲ့ နှင်းပွင့် နင် ဒီတစ်ခါလဲ အဆင့် ၁ ပဲ"
ဟု သူငယ်ချင်း မေက သူ့ report card ကို ယူလာပေးကာ
ပြောနေလေသည်

နှင်းပွင့်တစ်ယောက်ကတော့ report card ကိုကြည့်ပြီး
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတဲ့ မျက်နှာနဲ့ပေါ့ ---

"သဇင်လဲ အဆင် ၁ ပဲတဲ့ နင်တို့နှစ်ယောက်ကတော့
အမြဲ အဆင်တွေက ရှေ့ဆင့်နောက်ဆင့် မဟုတ်ရင် အတူတူတေကြီးပဲ"

ထိုစကားကို အဆင့်တွေထွက်လာတိုင်း
ခဏခဏ ကြားနေကျလေ
"ဟူး...."
နှင်းပွင့် တစ်ယောက် သက်ပြင်းချလိုက်သည်

"နင်သူ့ကို အမြဲပြိုင်နေပေမဲ့ သူကတော့ အေးဆေးပဲနော် နှင်းပွင့် "

မေ ရဲ့ စကားကို သူပြန်ပြောမလို့လုပ်တုန်း..... သူ့နောက်ဘက်မှာ အသံတစ်ခု ကြားလိုက်ရတယ်

" ငါ့ကို ပြိုင်နေတာ !!! ဘာလို့လဲ"

နှင်းပွင့် လှည့်ကြည်လိုက်တော့ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ သဇင်

နှင်းပွင့်လဲ အလန့်တကြားနဲ့

"မေ ...ငါ toilet သွားလိုက်ဦးမယ်"

ဟုဆိုကာ တစ်ချိုးတည်းပြေးလေသည်

သဇင်ကလဲ သူ့နောက်ကို ပြေးလိုက်လာလေသည်

"အား.. သူဘာလို့ ငါ့နောက် လိုက်လာတာလဲ "-------


🍁ဆက်ရန်—--------------------🌸🌸🌸🌸
________________*__________________
ဖတ်လို့အဆင်ပြေကြလား !!!😁
ပြင်စရာ လေးတွေ
ဖတ်လို့ ထောက်တဲ့ နေရာလေးတွေ
ရှိရင်ပြောသွားပေးနော်😬🤗

You are my princess (GL)Where stories live. Discover now