He never forget, so that I love him (Part-1)

1.5K 58 3
                                    

နေဝင်ချိန် ညနေခင်းတခုရဲ့ ကန်ဘောင်ဘေး တနေရာမှာ ကောင်လေးနှစ်ယောက် ကန်ရေပြင်ဘက်ကို မျက်နှာမူပီးရပ်နေတယ်
ဝမ်းနည်းမှုတွေ အချစ်တွေနဲ့ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ဘာခံစားမှုမှမရှိတဲ့ မျက်ဝန်းတစ်စုံတို့ အပြိုင်ရပ်နေကြတယ်....
ခံစားမှုကင်းမဲ့နေတဲ့ ကောင်လေးကစပြီး

Kim:Copter....ငါတို့လမ်းခွဲချိန်တန်ပီ

Copတယောက် ငြိမ်သက်စွာရပ်နေမိတယ်
နှယောက်ကြားခနငြိမ်ပြီးမှ

Cop:ဒီနေ့ကဘာနေ့လဲသိလား?မဖြစ်မနေဒီနေ့ပဲလား?

Kim:ဒီနေ့ဘာနေ့ဖြစ်ဖြစ်..မနက်ဖြန်ဘာနေ့ဖြစ်ဖြစ်...ငါနားမလည်ဘူး....

Cop:P'ဘက်ကလမ်းခွဲမယ်ဆိုတာသေချာတယ်ဆိုရင်လဲ P'သဘောပါပဲ

Kim:အင်း...ငါ့ဘက်ကသေချာပြီ

Cop:အကြောင်းပြချက်က??

Kim:လိုသေးလို့လား??ငါတို့ရဲ့relationshipကို ငြီးငွေ့နေပြီ

Cop:ဒီလောက်ဆို လုံလောက်ပါပီP'

Kimဒီနေရာကနေတဖြေးဖြေးထွက်ခွာသွားတာနဲ့အမျှ Copရဲ့ပါးပြင်မှာလဲမျက်ရည်တွေ တစ်စက်ပြီးတစ်စက်ကျဆင်းလာခဲ့တယ်

Cop:နောက်ဆုံးတော့ သူတကယ်ပဲထွက်သွား တာလား???တကယ်တော့ဒီနေ့က...ငါတို့နှယောက်ရဲ့3yrs...anniversaryလေ...2နှစ်3နှစ်ကြာတဲ့relationshipက...ဒီမိနစ်ပိုင်းလေးအတွင်းမှာ...တကယ်ပဲပျက်ပြယ်သွားပီတဲ့လား......

To the past.....,,,,,

30/1/2015
ကျတော့်မွေးနေ့မရောက်ခင် တရက်အလို မနက်ကတည်းက ကျတော့်ဆီလာပီး အပြင်သွားဖို့လာခေါ်တယ်..... ကျတော်တို့မနက်ကတည်းက ထွက်သွားပြီး..
ပထမဆုံးသူကျတော့်ကို ဘုရားခေါ်သွားတယ် ကျတော်တို့ဘုရားရောက်တော့ ဘုရားဖူးတယ် ပြီးတော့နာရီဝက်လောက်ကြာလမ်းလျှောက်နေကြတယ်

Cop:ထူးထူးဆန်းဆန်းပါလားP'... ဘာလို့ဘုရားလာတာလဲ??

Kim:ဘုရားလာတာပဲ ထူးဆန်းရတယ်ရှိသေး မသိရင်ငါကဘုရားတရားမေ့နေတာကျလို့...

Cop:အဲ့လိုပြောတာမဟုတ်ပါဘူး...ဒီနေ့ကဘာနေ့မှလဲမဟုတ်ပဲ...ဘုရားလာလို့..ထူးဆန်းတာပါ..

KimmonCopter Shot Collection 💙🐙🐕Where stories live. Discover now