ခင်များတို့ အသက်ကိုတောင် မမှုဘဲ ချစ်ရတဲ့ လူတစ်ယောက် ရှိလား
သူ့ကြောင့် နာကျင်မူ ဘယ်လောက်ကြီးကြီး ခံစားပြီးပြီလဲ
သူပြောပြတဲ့ သူသိပ်ချစ်တဲ့ အခြားသူတစ်ယောက်အကြောင်း နားထောင်ဖူးပြီလား
သူ့မျက်ဝန်းထဲမှာ ထိုလူသားအတွက်ဆို အရာရာရင်ဆိုင်နိုင်တဲ့ အချစ်သတ္တိတွေ
မြင်ရတဲ့ အခိုက်အတန့်
မင်းသိပ်ချစ်ရသူရဲ့ အပျော်တွေဟာ ထိုသူ့ဆီက မြစ်ဖျားခံလာကြောင်း တွေ့ရတဲ့အချိန်
နာကျင်ရဲ့လား....
မင်းအတွက် နာကျင်မူက သူ့ရဲ့ပျော်ရွှင်မူ
သူ့ရဲ့ ပျော်ရွှင်မူက မင်းရဲ့ပျော်ရွှင်မူ
အဲ့လို အချိုးကျကျ ချစ်ခဲ့ဖူးပြီလား
အဲ့လိုဆို သေဆုံးခြင်းကို ဟာသအဖြစ်
မင်း မြင်ဖူးပီပေါ့နော်...