COFFEE VALENTINE

1.2K 289 67
                                    

#Unicode
ယနေ့ဆိုင်ပိတ်သည်

တစ်ညလုံး မအိပ်နိုင်ဘဲ စိတ်လှုပ်ရှားခဲ့သမျှ
အလာလမ်းမှာ ရင်တခုန်ခုန်နဲ့ ပျော်ရွှင်နေခဲ့သမျှ အားလုံးဟာ
မှန်တံခါးအတွင်းဘက်က ဆိုင်းဘုတ်သေးသေးကြောင့်
ရေမှုန်လေးများ လွင့်ပြယ်သလို ကွယ်ပျောက်သွားရသည်

လွန်ခဲ့ပြီးသော အတိတ်ကာလတွေကတည်းက
အချိန်ယူကာ တည်ဆောက်ထားခဲ့သော
မျှော်လင့်ခြင်းနန်းတော်လေးဟာလည်း.. ရုတ်ချည်းဆိုသလို
ပြိုလဲပျက်စီးသွားခဲ့သည်

မည်သူ့ကိုမျှ အပြစ်တင်လို့မရသော အခြေအနေမှာ
ရင်နာစွာနဲ့ပဲ ဝမ်းနည်းဖွယ် အပြန်လမ်းကို
လျှောက်လှမ်းရပေတော့မည် ...

~~~~~~ COFFEE VALENTINE ~~~~~~

Alexandre ဆိုတဲ့ ဒီကော်ဖီဆိုင်လေးမှာ
နေ့တိုင်းလိုလို လာထိုင်ဖြစ်တာ အတော်ကြာပြီဖြစ်သည်

ကော်ဖီ .. ?

တကယ်တမ်းတော့ ကျွန်တော်ဟာ ကော်ဖီ ဆိုတဲ့အရာနဲ့
ရင်းနှီးမှုမရှိတဲ့ လူစားမျိုးပါ ..

ငယ်ငယ်ကတိုင် ကော်ဖီဆိုလျှင် နှာခေါင်းတွန့်ရုံမျှမက
ဝေးဝေးကပါ ရှောင်သည် ..

အများတကာ ရင်တုန်၍ ကော်ဖီသောက်နေချိန်တွင်
ကော်ဖီကြောင့် ရင်တုန်ခဲ့ရတဲ့ ကျွန်တော်ရယ်ပါ ..

ကော်ဖီကို ဒီလောက်တောင်မုန်းနေပြီး
ဘာကြောင့်များ ကော်ဖီဆိုင် လာထိုင်ရသလဲ ?

ရှိရှိသမျှအရာတိုင်းရဲ့ ဖြစ်တည်မှုဟာ သူ့ဟာနဲ့သူ
လုံလောက်တဲ့ အကြောင်းပြချက်ရှိတယ်ဆိုတာ
ခင်ဗျားတို့ ယုံကြည်တယ်ဆိုရင်တော့ ...

ကျွန်တော့်ရဲ့ ကော်ဖီမကြိုက်ပဲ ကော်ဖီဆိုင်ထိုင်ရခြင်းရဲ့
ပြည့်စုံတဲ့ အကြောင်းပြချက်ကို ဖွင့်ဟပြောပြနိုင်မည်ထင်သည်

လွန်ခဲ့သော လေးငါးလခန့်လောက်ကပေါ့ ...

အတန်းပြီးတိုင်း အိမ်ကိုတန်းတန်းမတ်မတ် ပြန်လေ့ရှိသော
ကျွန်တော် သူငယ်ချင်းတစ်သိုက်၏ပရောဂကြောင့်
ဒီဆိုင်လေးကို ရောက်လာခဲ့သည် ..

ဆိုင်ရဲ့အကျယ်အဝန်းမှာ သိပ်ပြီးမကျယ်သလို
ကျဉ်းသည်လည်း မဟုတ်ချေ ...
ဆိုင်အပြင်အဆင်လေးမှာလည်း သပ်သပ်ရပ်ရပ်ရှိပြီး
ထိုင်ချင့်စဖွယ် ဖြစ်သည် ...

You've reached the end of published parts.

⏰ Last updated: Jun 14, 2020 ⏰

Add this story to your Library to get notified about new parts!

COFFEE VALENTINE [OneShot ]Where stories live. Discover now