Hearts Strings (EP-4)

924 153 28
                                    

Unicode#####

ခရီးတိုထွက်မယ်ဆိုပြီး ကိုယ်စီအိမ်က ထွက်လာပေမဲ့ ဆဲဟွန်း နဲ့ဂျုံအင်း ကတော့ ခရီးပေါ်ကိုသာ အာရုံရောက် နေပြီး ကျွန်တော်နဲ့ ချန်ယောလ်ကတော့ သိပ်ပြီးမနေတက် ဖြစ်နေမိတယ်

"ငါတို့ မနက်စာစားပြီးမှ သွားကြမယ်လေ ငါ Coffee ဆိုင် ကောင်းကောင်းတွေ့ထားတယ် Universe cafe တဲ့"

ဂျုံအင်းပြောမှ ကိုယ့်ဗိုက်ဆာတာ ကိုယ်သတိရတော့တယ်

"အာ ငါသိတယ် ကောင်မလေးတွေ အပြောများတယ်"

ထောက်ခံတဲ့သဘောနဲ့ဝင်ပြောတဲ့ ဆဲဟွန်းကို တစ်ခုခုပြော တော့မယ့် ပုံစံခပ်တည်တည် နဲ့လှမ်းကြည့်နေတဲ့ ချန်ယောလ် ကြောင့် ဂျောင်ဆူး ဘာလုပ်ရမှန်မသိဖြစ်နေ တုန်းမှာဘဲ

"ဒါဆို အဲ့ကို အရင်သွားမယ် တက်တက်ကားပေါ်ကို"

ကားရောက်လာတာမို့ အကုန်လုံးကို ကားပေါ်ကို တွန်းတင် တဲ့ ဂျုံအင်းကြောင့်  တက်ရတော့တယ်

ဆိုင်ကအတော်နာမည်ကြီးပုံဘဲ ခုံတော်တော်များများ လူ ပြည့်နေသည်မို့ထောင့်ကျကျလေးယောက်ဝိုင်းမှာဝင်ထိုင် လိုက်တော့ ကျွန်တော့်ဘေးကို ဝင်ထိုင်ဖို့လုပ်နေတဲ့ စီနီယာ ကြောင့် ဂျုံအင်းလက်ကို ဆွဲခါ ကျွန်တော့်ဘေးကို ဆွဲထိုင် ခိုင်းလိုက်တော့ တစ်ဖက် နှစ်ယောက်ထိုင်ဆိုဖာမှာ အတူ ထိုင်ဖို့ဖြစ်သွားတဲ့ စီနီယာချန်ယောလ် နဲ့ ဆဲဟွန်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ခါ ထိုင်မလိုထမလို နဲ့

"ထိုင်ကြလေ ဘာလုပ်နေတာလဲ"

သူတို့ဘာမှမပြောခင် မြန်မြန်ထိုင်ခိုင်းလိုက်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ဝေးနိုင်သမျှဝေးအောင် ဆိုဖာ အစွန်းမှာထိုင်နေကြတယ် 

"တစ်ခုခုမှာကြမယ်လေ ငါက စတော်ဘယ်ရီ နို့ မင်းတို့ရော"

"ငါက ice coffee"

"ငါရောဘဲ"

"wow နှစ်ယောက်က အကြိုက်တူတာလား"

ဂျုံအင်းက ဘာမှာမလဲမေးလာတာမို့ ကျွန်တော် နဲ့ စီနီယာ အကြိုက်တာနေတာကို ရုတ်တရက် စလိုက်တဲ့ ဂျုံအင်း စကားကြောင့် နေရခက်သွားမိတယ်

HeartStrings (Unicode+Zawgyi)2019Where stories live. Discover now